အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ဖို့ ဆိုးရွားတဲ့ ဖိုဝါဒတွေ လျှော့ချကြဖို့လို

0
39

● အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်ဖို့ ဆိုးရွားတဲ့ အမျိုးသားဖိုဝါဒတွေ လျှော့ချကြဖို့လိုတယ်လို့ အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေသူတွေက တိုက်တွန်းလိုက်ပါတယ်။

● ၇၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး” ဆိုင်ရာ အကြောင်းအရာတွေအပေါ် Equality Myanmar ရဲ့ Founder နဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်၊ Triangle Women’s Support Group ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်လေးနဲ့အတူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးသံတမန် တေးသံရှင် ရေဗက္ကာဝင်းတို့က ပါဝင်ဆွေးနွေးတင်ဆက်ပေးထားကြပါတယ်။

● အပြည့်အစုံကိုတော့ MCN ရုပ်/သံ သတင်းဌာနနဲ့ Equality Myanmar တို့ ပူးပေါင်းစီစဉ်တင်ဆက်ပြီး Mizzima ရုပ်/သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ (၇၁) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ ရှုစားနိုင်ကြမှာဖြစ်ပါတယ်

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)