“ယနေ့မှသည်… အနာဂတ်ဆီ…” [From Now to Beyond !] Live

0
635

မင်္ဂလာပါခင်ဗျာ… MCN သတင်းကနေ ∎ Equality Myanmar (ညီမျှခြင်း မြန်မာ) ထူထောင်ခြင်း နှစ် (၂၀) အပြည့် အထိမ်းအမှတ် အဖြစ်တင်ဆက်ပေးသွားမယ့်  “ယနေ့မှသည်… အနာဂတ်ဆီ…” From Now to Beyond ! လူ့အခွင့်အရေးဆိုင်ရာ ပညာပေး ရုပ်/သံ တိုက်ရိုက်ဆွေးနွေးခန်း  အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျ… 

ဒီအစီအစဉ်အတွက် ကျွန်တော်တို့ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားသူတွေကတော့ အထူးဧည့်သည် Speaker အဖြစ် Equality Myanmar (ညီမျှခြင်း မြန်မာ) ကို တည်ထောင်သူနဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်း (အမှုဆောင်ဒါရိုက်တာ) Equality Myanmar (ညီမျှခြင်း မြန်မာ) နဲ့အတူ  လူ့အခွင့်အရေး ပညာပေးမှု လုပ်ငန်းတွေကို နယ်ပယ်သီးသီးကနေ ပါဝင်ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ 

❖    ဦးအောင်မျိုးကျော် (အမှုဆောင်အဖွဲ့ဝင်)

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)

❖    မဝါဝါပြုံး (လူ့အခွင့်အရေးဆိုင်ရာသင်တန်းနည်းပြ)

ညီမျှခြင်း မြန်မာ

❖    ဦးသိန်းနိုင် (ပညာရေးအကြံပေး)

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ သင်ရိုးပြုစုရေးနှင့် တိုင်းရင်းသားပညာရေးမြှင့်ရေး

❖    ဒေါက်တာခိုင်ခိုင်ဝင်း (ဒုတိယ ညွှန်ကြားရေးမှူးချုပ်)

လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးဌာန၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်
ဒါ့အပြင် ဧည့်သည် Speaker အဖြစ် မသန်စွမ်း လူ့အခွင့်အရေးဆိုင်ရာ သင်တန်းနည်းပြ မအေးငြိမ်းသူ  တို့ကလည်း လူ့အခွင့်အရေးယဉ်းကျေးမှု ထွန်းကားရေး အတွက် ပညာရေးစနစ်အပါအဝင် အခြားဘယ်လို နည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ဖို့ ပြင်ဆင်နေကြလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ဆက်ပေးဖို့ရှိတာပါ။

∎ ဒီအစီအစဉ်ကိုတော့ MCN TV NEWS ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ www.facebook.com/mcntv နဲ့အတူ Youtube ဗီဒီယိုကွန်ရက်လိပ်စာ www.youtube.com/mcntvnews တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးသွားဖို့ ရှိနေသလို Equality Myanmar (ညီမျှခြင်း မြန်မာ)  အပါအဝင် အခြား လူ့အခွင့်အရေးဆိုင်ရာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်နဲ့ အင်တာနက်ဝက်ဘ်ဆိုက်တွေကလည်း ထုတ်လွှင့်ပေးသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)