NLD အစိုးရနဲ့ လွှတ်တော် ကလေးသူငယ်အခွင့်အရေးအတွက် ဘဏ္ဍာငွေ ပိုမိုသုံးစွဲဖို့လို

0
64

● NLD အစိုးရနဲ့ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနတွေရဲ့ ဘဏ္ဍာငွေ အသုံးစရိတ် ဘတ်ဂျက်တွေ ပိုမိုချထားပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူတွေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

● အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဦဆောင်ရမယ့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဘဏ္ဍာငွေ လိုအပ်ချက်ရှိနေတဲ့အပေါ် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောကြားလိုက်တာပါ။

● (၇၁) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်မှာ “ကလေးသူငယ်များ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေး” “Violence Against Children” ဆိုင်ရာ အကြောင်းအရာတွေကို ဆွေးနွေးစဉ် NCRWG (NGO Child Rights Working Group) က စီမံခန့်ခွဲရေးအဖွဲ့ဝင် ဦးပီတာ၊ ကလေးသူငယ် လူကုန်းမှုတားဆီးကာကွယ်ရေး သံတမန် သရုပ်ဆောင် ခိုင်နှင်းဝေနဲ့အတူ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လူငယ်သံတမန် ကိုလွှမ်းမိုးအောင်တို့က အဲ့ဒီလို တိုက်တွန်းပြောကြားခဲ့ကြတာပါ။

● ဒါ့အပြင် လက်ရှိဖြစ်ပေါ်နေတဲ့ သက်ငယ်အဓ္ဓမပြုကျင့်မှု၊ ကလေးခိုးမှုတွေအပြင် ကလေးငယ်တွေ အပေါ် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်နိုင်ဖို့ လူ့အဖွဲ့အစည်း အနေနဲ့ မဖြစ်မနေ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေကိုလည်း ဆွေးနွေးပေးထားကြတာပါ။

● (၇၁) မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထူးအစီအစဉ်ကိုတော့ MCN TV NEWS ရုပ်/သံ သတင်းဌာနနဲ့ Equlity Myanmar တို့ ပူးပေါင်းစီစဉ် တင်ဆက်ပေးထားပြီး Mizzima ရုပ်/သံလိုင်းကနေလည်း ထုတ်လွှင့် ပေးနေတာ ဖြစ်ပါတယ်။

● NLD အစိုးရနဲ့ လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနတွေရဲ့ ဘဏ္ဍဍာငွေ အသုံးစရိတ် ဘတ်ဂျက်တွေ ပိုမိုချထားပေးဖို့ အရေးတကြီးလိုအပ်နေတယ်လို ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူတွေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

● အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဦဆောင်ရမယ့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဘဏ္ဍဍာငွေ လိုအပ်ချက်ရှိနေတဲ့အပေါ် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်နေသူတွေက ပြောကြားလိုက်တာပါ။