ထိုင်း ရွေးကောက်ပွဲနှင့် ထိုင်း နိုင်ငံရေးနဲ့ ထိုင်း ဒီမိုကရေစီယဉ်ကျေးမှု (သုံးသပ်ချက်)

0
3129

■ ဒီကနေ့ မတ်လ ၂၄ ရက်နေ့ (တနင်္ဂနွေ) နေ့မှာတော့ ထိုင်းနိုင်ငံမှာ ၁၃ ကြိမ်မြောက် စစ်အာဏာသိမ်းမှုအပြီး အကြိမ် ၂၀ မြောက် ပြင်ဆင်ပြဌာန်းထားတဲ့ အခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲတွေ ကျင်းပ ပြုလုပ်နေပြီဖြစ်ပါတယ်။

■ ဒီရွေးကောက်ပွဲမှာတော့ မဲဆန္ဒရှင် ၅၁.၄ သန်းလောက်ဟာ နိုင်ငံရေးပါတီပေါင်း ၁၀၀ ကျော်က အမတ်လောင်း ၁၄၀၀၀ ကျော်ကို အမတ်နေရာ ၅၀၀ စာအတွက် ရွေးချယ် တင်မြှောက်ကြရမှာ ဖြစ်ပါတယ်။

■ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့အပြင် ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေပါ တူညီလှတဲ့ ထိုင်နိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့အတူ နိုင်ငံရေးစနစ်တွေနဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေဖို့ သုံးသပ်ဆွေးနွေး တင်ဆက်ပေးထားပါတယ်။

■ ဒီအစီအစဉ်မှာတော့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော် နေထိုင်ရင်း ထိုင်းနိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေကို လေ့လာခဲ့ကြတဲ့ မြန်မာ့မဟာဗျူဟာနဲ့ မှုဝါဒလေ့လာရေးအင်စတီကျူ့ (ISP Myanmar) က ဆက်ဆံ၊ ဆက်သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းနဲ့ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စင်တာ (CPR) က ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်တို့ကို ဆက်သွယ်ပြီး MCN သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအံ့ဘုန်းမြတ်က ဆွေးနွေးတင်ဆက်ပေးထားပါတယ်။

■ အပြည့်အစုံကိုတော့ “ထိုင်းရွေးကောက်ပွဲ အထူးသုံးသပ်ချက်” အစီအစဉ်မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။