တပ်မတော် သတင်းစာရှင်းပွဲ သတင်းထုတ်နှုတ်သုံးသပ်ချက် (ပထမပိုင်း)
0
427
ရခိုင် AA အပါအဝင် FPNCC မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေအနေနဲ့ “ကွန်ဖက်ဒရိတ်အယူအဆ” ကို ဆန့်ကျင်ဘက်အနေနဲ့ ခိုင်မာစွာ ဆုံးဖြတ်ထားတယ် ဆိုရင်တော့ တပ်မတော်အနေနဲ့ အခြားနည်းလမ်းကို အသုံးပြု ဖြေရှင်းရလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။
အလားတူ တဖက်မှာလည်း ဒီအယူအဆကို မျှော်မှန်းတန်ဘိုးအဖြစ် ချပြတာဆိုရင်တော့ ညှိနှိုင်းဆွေးနွေးမှုတွေကနေ အဖြေရှာသွားမယ်လို့ လည်း ပြောကြားခဲ့တာပါ။
ဒါ့အပြင် တပ်မတော်အနေနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု လမ်းကြောင်းကိုသာ လက်ခံပြီး ကျန်တဲ့ လမ်းကြောင်းကို လက်မခံဘူးလို့လည်း တပ်မတော် ပြန်ကြားရေးကော်မတီက ပြောကြားခဲ့တာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တဲ့ အကြောင်းအရာတွေထဲက MCN သတင်းဌာနအနေနဲ့ “ကွန်ဖက်ဒရိတ်အယူအဆ” ဆိုင်ရာ အကြောင်းအရာတွေကို ထုတ်နှုတ်တင်ဆက်ပေးလိုက်တဲ့ သတင်းသုံးသပ်ချက် အစီအစဉ် (ပထမပိုင်း) မှာ အခုလို ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။
(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)