အာရှနှင့် ကမ္ဘာတလွှား (ကိုဗစ်-၁၉) ဆိုင်ရာ နောက်ဆုံးရ သတင်းများ [13 APRIL2020]

0
2343

❖ (COVID-19) စတင်ဖြစ်ပွားရာ တရုတ်မှာ ရောဂါကူးစက်မှုအသစ် (၉၉) မှု ထပ်မံဖြစ်ပေါ်

❖ အိန္ဒိယမှာ (COVID-19) ကူးစက်မှုအသစ် ၂၄ နာရီအတွင်း (၉၀၉) မှု ထပ်မံဖြစ်ပေါ် (၃၄) ဦးသေဆုံးခဲ့

❖ ဂျပန်နိုင်ငံ (COVID-19) ရောဂါကူးစက်မှုပေါင်း ၇၃၇၀ အထိရှိလာ သေဆုံးသူပေါင်း ၁၂၃ ဦးအထိ ရှိလာနေပါတယ်။

❖ တောင်ကိုရီးယားနိုင်ငံမှာ (COVID-19) ရောဂါ နေ့စဉ် ကူးစက်မှုပမာဏ(၅၀) အောက်ကို ပထမဆုံးအနေနဲ့ ကျဆင်းလာ

❖ အမေရိကန်ပြည်ထောင်စုမှာ (၅ သိန်း ၅သောင်း) ကျော်ရှိနေပြီး သေဆုံးသူပေါင်း ၂၀,၀၀၀ ကျော် ရှိ

❖ စပိန်နိုင်ငံမှာဆိုရင်လည်း ရောဂါကူးစက်မှုပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိနေပြီး သေဆုံးသူ ၁ သောင်း ၇ ထောင်ရှိ

❖ အီတလီနိုင်ငံမှာဆိုရင်လည်း ရောဂါကူးစက်မှုပေါင်း ၁ သိန်း ၅ သောင်းကျော် ရှိနေပြီး သေဆုံးမှုပေါင်း ၂ သောင်းနီးပါး

❖ ပြင်သစ်နိုင်ငံမှာ‌တော့ ရောဂါကူးစက်မှုပေါင်း ၁ သိန်း ၃ သောင်းကျော်ရှိနေပြီး သေဆုံးသူ ၁ သောင်း ၄ ထောင်ကျော်ရှိနေတာ ဖြစ်ပါတယ်။

❖ ဂျာမနီနိုင်ငံမှာလည်း ရောဂါကူးစက်မှုပေါင်း ၁ သိန်း ၂ သောင်းကျော် ရှိပြီး သေဆုံးသူ ၃ ထောင်ကျော်ရှိနေ

❖ မြန်မာစံတော်ချိန် ညနေပိုင်း အချိန်အထိ (COVID-19) ဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း (၁၈၅) နိုင်ငံမှာ (ကိုဗစ်-၁၉) ဗိုင်းရပ်စ်ကူးစက်မှုပေါင်း (၁.၈) သန်း (၁၈-သိန်း) ကျော် ရှိလာနေပြီး သေဆုံးသူစုစုပေါင်း (၁ သိန်း ၁ သောင်း) ကျော်အထိ ရှိလာနေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)