အျပန္အလွန္ အေလွ်ာ့ေပးမႈေတြနဲ႔ လက္ေတြ႔က်တဲ့ ေျခ/ဥ ျပင္ဆင္ေရးကို ဦးတည္ ႏိုင္ပါ့မလား

0
6032

● ဒီကေန႔ မတ္လ ၁၂ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းမွာ အေျခခံဥပေဒ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အျပန္အလွန္ေဆြးေႏြးမႈေတြလည္း ျပင္းထန္ေနအုန္းမယ့္ အေျခအေနမ်ိဳးေတြရွိေနပါတယ္။

● ဒီလိုအေျခအေနမ်ိဳးမွာ ၿပီးခဲ့တဲ့ မတ္လ ၈ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အျပန္အလွန္ေဆြးေႏြးမႈေတြထဲက အေရးႀကီးတဲ့ ေဆြးေႏြးမႈေတြကို ထုတ္ႏႈတ္ၿပီး “အျပန္အလွန္ အေလွ်ာ့ေပးမႈေတြနဲ႔ လက္ေတြ႔က်တဲ့ ေျခ/ဥ ျပင္ဆင္ေရးကို ဦးတည္ ႏိုင္ပါ့မလား” ဆိုတဲ့ ေခါင္းစဥ္နဲ႔ သံုးသပ္ တင္ဆက္ေပးထားပါတယ္။

● ၿပီးခဲ့တဲ့ မတ္လ ၈ ရက္ေန႔က ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အျပန္အလွန္ေဆြးေႏြးမႈေတြထဲက အေရးႀကီးတဲ့ ေဆြးေႏြးမႈေတြကို ထုတ္ႏႈတ္ၿပီး သံုးသပ္ရမယ္ဆိုရင္ေတာ့

  • ၁။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေတာ့ ျပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရး USDP ပါတီက ဥပေဒၾကမ္းအေနနဲ႔ တင္သြင္းထားတဲ့ အေျခခံဥပေဒ ပုဒ္မ ၂၆၁ ျပင္ဆင္ေရးျဖစ္တဲ့ “ဒုတိယအႀကိမ္ေျမာက္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္း” ကို မၾကာေသးခင္ကမွ ဖြဲ႔စည္းထားတဲ့ ၄၅ ဦးပါ “၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ” ရဲ႕ ေဆာင္ရြက္မႈထဲ ထည့္သြင္းေဆာင္ရြက္ဖို႔ဆိုတဲ့ “ဒုတိယအႀကိမ္ေျမာက္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္းအား ေလ့လာစိစစ္သံုးသပ္ေရး ပူးေပါင္းေကာ္မတီ” ရဲ႕ အစီရင္ခံစာပါ အခ်က္ကို ေထာက္ခံေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။
  • ၂။ ျပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရး USDP ပါတီက ကိုယ္စားလွယ္ေတြနဲ႔ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ အစုအဖြဲ႔ကေတာ့ အေျခခံဥပေဒ ပုဒ္မ ၂၆၁ ျပင္ဆင္ေရး “ဒုတိယအႀကိမ္ေျမာက္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္း” ဟာ ဥပေဒနဲ႔အညီ ဥပေဒၾကမ္းအဆင့္ကို ေရာက္ရွိေနၿပီျဖစ္တဲ့အတြက္ ၄၅ ဦးပါ ပူးေပါင္းေကာ္မတီရဲ႕ အေျခခံဥပေဒျပင္ဆင္ေရး ေဆာင္ရြက္ခ်က္ေတြထဲ ထည့္သြင္းေဆာင္ရြက္ မယ္ဆိုတဲ့ ဥပေဒၾကမ္း ပူးေပါင္းေကာ္မတီရဲ႕ အစီရင္ခံစာပါ အခ်က္ကို သေဘာအတူပဲ ကန္႔ကြက္ေနၾကတာျဖစ္ၿပီး ဥပေဒနဲ႔အညီ “ဒုတိယအႀကိမ္ေျမာက္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္သည့္ ဥပေဒၾကမ္းအား ေလ့လာစိစစ္သံုးသပ္ေရး ပူးေပါင္းေကာ္မတီ” လုပ္ငန္းစဥ္ေတြနဲ႔သာ ဆက္လက္ေဆာင္ရြက္ဖို႔ အေၾကအလည္ ေဆြးေႏြးမႈေတြ ရွိခဲ့ၾကတာကို ေတြ႔ရမွာျဖစ္ပါတယ္။
  • ၃။ ဒီလိုအေျခအေနမ်ိဳးမွာပဲ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ကေတာ့ အဖြဲ႔အစည္း တစ္ခုရဲ႕ အက်ိဳးစီးပြားကို ဦးစားမေပးပဲ ႏိုင္ငံသူ ႏိုင္ငံသားေတြအားလံုးရဲ႕ အက်ိဳးစီးပြားကို ဦးထိပ္ပန္ မ်က္ႏွာမူ ေရွ႕႐ႈ႕ၿပီး ေဆာင္ရြက္ၾကဖို႔ ၾကား၀င္ ေမတၱာရပ္ခံ ပန္႔ၾကားၾကားထားရတဲ့ အေျခအေနမ်ိဳးေတြ ရွိခဲ့တာျဖစ္ပါတယ္။

● အျပည့္အစံုကိုေတာ့ MCN သတင္းဌာနရဲ႕ “သတင္းသံုးသပ္ခ်က္အစီအစဥ္” မွာ ႐ႈ႕စားႏိုင္ၾကမွာျဖစ္ပါတယ္။


● ဒီကနေ့ မတ်လ ၁၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေ အပြန်အလှန်ဆွေးနွေးမှုတွေလည်း ပြင်းထန်နေအုန်းမယ့် အခြေအနေမျိုးတွေရှိနေပါတယ်။

● ဒီလိုအခြေအနေမျိုးမှာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ အပြန်အလှန်ဆွေးနွေးမှုတွေထဲက အရေးကြီးတဲ့ ဆွေးနွေးမှုတွေကို ထုတ်နှုတ်ပြီး “အပြန်အလှန် အလျှော့ပေးမှုတွေနဲ့ လက်တွေ့ကျတဲ့ ခြေ/ဥ ပြင်ဆင်ရေးကို ဦးတည် နိုင်ပါ့မလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ သုံးသပ် တင်ဆက်ပေးထားပါတယ်။

● ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း လွှတ်တော်ကိုယ်စားလှယ်တွေ အပြန်အလှန်ဆွေးနွေးမှုတွေထဲက အရေးကြီးတဲ့ ဆွေးနွေးမှုတွေကို ထုတ်နှုတ်ပြီး သုံးသပ်ရမယ်ဆိုရင်တော့

  • ၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီက ဥပဒေကြမ်းအနေနဲ့ တင်သွင်းထားတဲ့ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဖြစ်တဲ့ “ဒုတိယအကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို မကြာသေးခင်ကမှ ဖွဲ့စည်းထားတဲ့ ၄၅ ဦးပါ “၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ” ရဲ့ ဆောင်ရွက်မှုထဲ ထည့်သွင်းဆောင်ရွက်ဖို့ဆိုတဲ့ “ဒုတိယအကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လေ့လာစိစစ်သုံးသပ်ရေး ပူးပေါင်းကော်မတီ” ရဲ့ အစီရင်ခံစာပါ အချက်ကို ထောက်ခံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
  • ၂။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီက ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကတော့ အခြေခံဥပဒေ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး “ဒုတိယအကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ဟာ ဥပဒေနဲ့အညီ ဥပဒေကြမ်းအဆင့်ကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် ၄၅ ဦးပါ ပူးပေါင်းကော်မတီရဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ချက်တွေထဲ ထည့်သွင်းဆောင်ရွက် မယ်ဆိုတဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပါ အချက်ကို သဘောအတူပဲ ကန့်ကွက်နေကြတာဖြစ်ပြီး ဥပဒေနဲ့အညီ “ဒုတိယအကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လေ့လာစိစစ်သုံးသပ်ရေး ပူးပေါင်းကော်မတီ” လုပ်ငန်းစဉ်တွေနဲ့သာ ဆက်လက်ဆောင်ရွက်ဖို့ အကြေအလည် ဆွေးနွေးမှုတွေ ရှိခဲ့ကြတာကို တွေ့ရမှာဖြစ်ပါတယ်။
  • ၃။ ဒီလိုအခြေအနေမျိုးမှာပဲ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကတော့ အဖွဲ့အစည်း တစ်ခုရဲ့ အကျိုးစီးပွားကို ဦးစားမပေးပဲ နိုင်ငံသူ နိုင်ငံသားတွေအားလုံးရဲ့ အကျိုးစီးပွားကို ဦးထိပ်ပန် မျက်နှာမူ ရှေ့ရှု့ပြီး ဆောင်ရွက်ကြဖို့ ကြားဝင် မေတ္တာရပ်ခံ ပန့်ကြားကြားထားရတဲ့ အခြေအနေမျိုးတွေ ရှိခဲ့တာဖြစ်ပါတယ်။

● အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ “သတင်းသုံးသပ်ချက်အစီအစဉ်” မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။  အပြည့်အစုံကိုတော့ MCN သတင်းဌာနရဲ့ “သတင်းသုံးသပ်ချက်အစီအစဉ်” မှာ ရှု့စားနိုင်ကြမှာဖြစ်ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)