နိုဝင်ဘာ (၈) ရွေးကောက်ပွဲ လွတ်လပ်သန့်ရှင်း တရားမျှတရေး ပိုမိုပူးပေါင်းဆောင်ရွက်ပေး

0
1481

လွတ်လပ်သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေအဖြစ် ကျင်းပနိုင်ရေး လက်တလော ရွေးကောက်ပွဲအကြိုကာလမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို အရင်ကထက် ပိုမိုဆွေးနွေး၊ ပိုမို ပူးပေါင်း ဆောင်ရွက်တဲ့ နည်းလမ်းတွေနဲ့ အဖြေရှာဖို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းထားပါတယ်။

ကိုဗစ်ကမ္ဘာ့ကပ်ရောဂါရဲ့ ချိန်းခြောက်မှုအန္တရာယ်ကြားက ရွေးကောက်တွေကို ကျင်းပရမယ့် အခြေအနေဖြစ်နေတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ အရင်ကထက် ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ (PACE) အဖွဲ့ရဲ့ အမှုတောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က တိုက်တွန်းထားတာပါ။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ဟာ လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲတွေရဲ့ ရွေးကောက်ပွဲဖြစ်စဉ် အားလုံးကို လုပ်အားပေး စေတနာ့ဝန်ထမ်း ၂၀၀၀ ကျော်နဲ့ လေ့လာစောင့်ကြည့်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)