Carlsberg ဘီယာကုမ္ပဏီကို ငွေကြေးလိမ်လည်မှုနဲ့ ဘာကြောင့် တရားစွဲခဲ့တာလဲ

0
341





■ ကမ္ဘာကျော် Carlsberg ဘီယာကုမ္ပဏီကို ကျပ်ငွေ သိန်းပေါင်း ၁၀,ဝ၀ဝ ကျော် ပြည်လည်ရလိုမှုနဲ့ နိုင်ငံသားပိုင် ဖြန့်ချိရေးကိုယ်စားလှယ် ကုမ္ပဏီက ငွေကြေးလိမ်လည်မှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀ တရားဆွဲဆိုထားပါတယ်။

■ Carlsberg အပါအဝင် Tuborg နဲ့ Yoma စတဲ့ ဘီယာတွေကို ထုတ်လုပ်ရောင်းချဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ ခွင့်ပြုထားတဲ့ Myanmar Carlsberg Company Limited (MCCL) ကို စတင်ထူထောင်ချိန်ကတည်းက ဈေးကွက်ဖြန့်ချီရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ မြတ်မွှေးကုမ္ပဏီက တရားစွဲဆိုထားတာပါ။

■ ဘာကြောင့် တရားစွဲဆိုရတဲ့ အခြေအနေအထိ ဖြစ်ပေါ်လာခဲ့တာလဲဆိုတာတွေကို မြတ်မွှေးကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးရဲထွန်းကို MCN သတင်းဌာနရဲ့ Business Talk အစီအစဉ်မှာ (ပထမပိုင်း) အနေနဲ့ တွေ့ဆုံမေးမြန်း တင်ဆက်ပေးထားပါတယ်။