
0
1332






■ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူဖို့ ရည်ရှည်မှာ မဖြစ်နိုင်ဘူးလို့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Carlsberg ဘီယာရဲ့ မြန်မာကုမ္ပဏီခွဲကို ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ ဖြန့်ချိရေး ကိုယ်စားလှယ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ MYAT MHWEI TRADING CO., LTD. ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးရဲထွန်းက ပြောကြားလိုက်ပါတယ်။

■ ဒါ့အပြင် အစိုးရအနေနဲ့ နိုင်ငံသား လုပ်ငန်းရှင်တွေကို အကာအကွယ်ပေးပြီး ရှင်သန်ရပ်တည်ခွင့်ပေးမှသာ ရည်ရှည် စဉ်ဆက်မပျက် ဖွံ့ဖြိုးတဲ့ စီးပွားရေးပုံစံမျိုးကို တည်ဆောက်နိုင်မယ်လို့လည်း အကြံပြုတိုက်တွန်း ထားတာပါ။

■ ဒါကြောင့် အစိုးရအနေနဲ့ ပြဌာန်းပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေအပါအဝင် စီးပွားရေးဆိုင်ရာ ဥပဒေတွေထဲမှာ နိုင်ငံသားလုပ်ငန်းရှင်တွေကို အကာအကွယ်ပေးတဲ့ ပုဒ်မမျိုးတွေ ပါဝင်အောင် ပြင်ဆင်ပေးဖို့နဲ့ တိုင်းပြည်စီးပွားရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်လှတဲ့ “မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးဥပဒေ” ကို အမြန်ဆုံး ပြဌာန်း အကောင်အထည်ဖော်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

■ အပြည့်အစုံကိုတော့ MCN ရုပ်/သံသတင်းဌာနရဲ့ Business Talk အစီအစဉ်မှာ ရှု့စားနိုင်ကြမှာ ဖြစ်ပါတယ်။