၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ကြာသပတေးနေ့ နေ့စဉ်အွန်လိုင်း ရုပ်သံသတင်း အစီအစဉ်

0
329

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ကြာသပတေးနေ့အတွက် မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်း ရုပ်သံသတင်း အစီအစဉ်ကနေ နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်း တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
၁။ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကို ပြည်သူ့ရင်ပြင်မှာ ကျင်းပခွင့် မရဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
၂။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲတွေကို သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ဒီကနေ့က စတင်ပြီး စိစစ်ခွင့်ပြုပေးနေပြီဖြစ်ပါတယ်။
၃။ နီပေါနိုင်ငံမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကွန်မြူနစ်ပါတီက အနိုင်ရသွားပြီး (ဗစ်ဒ်ယာ ဗဟန်ဒရီ)က နီပေါနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာပါတယ်။ – စတဲ့ သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)