၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ တနင်္လာနေ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်

0
277


မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လဆန်း ၁၃ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ တနင်္လာနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

၁။ ရွေးကောက်ပွဲမှာ မတရားတဲ့နည်းလမ်းနဲ့ အနိုင်မယူလိုဘဲ တရားမျှတတဲ့ နည်းလမ်းနဲ့သာ အနိုင်ရယူလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
၂။ နိုင်ငံခြားသံတမန်တွေရဲ့ လှုပ်ရှားမှုတွေကြောင့် ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို မထိခိုက်စေဖို့ လိုအပ်တယ်လို့ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။
၃။ အင်ဒိုနီးရှားနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လေထုညစ်ညမ်းမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး နောက်ထပ်လူတစ်ဦးသေဆုံးခဲ့ပါတယ်။
စတဲ့သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)