၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်၊ ကြာသပတေးနေ့ နေ့စဉ်အွန်လိုင်းရုပ်သံ သတင်းအစီအစဉ်

0
277

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လဆန်း ၂ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်၊ ကြာသပတေးနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။
၁။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးသူတွေ အားလုံး သမိုင်းရဲ့ အောင်မြင်မှု ကျဆုံးမှုတွေကို တာဝန်ယူ၊ တာဝန်ခံကြလိမ့်မယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
၂။ NCA လက်မှတ်မထိုးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အပြုသဘောဆောင်တွေ့ဆုံဖို့ အစိုးရကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။
၃။ ရုရှားလေကြောင်းအာဏာပိုင်တွေနဲ့ ယူကရိန်းအရှေ့ပိုင်းက ရုရှားသူပုန်တွေဟာ မလေးရှား လေကြောင်းပိုင် MH17 လေယဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ နယ်သာလန်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ပတ်သတ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့က ငြင်းဆိုလိုက်ပါတယ်။ – စတဲ့သတင်းတွေနဲ့အတူ ထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)