MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ ခုနှစ်၊ ဇွန် (၁၄) ရက် အင်္ဂါနေ့

0
266


MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၈ခုနှစ်၊ နယုန်လဆန်း (၉) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၄) ရက်အင်္ဂါနေ့ ညနေ (၆) နာရီအထိ နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာ ရှုစားကြရမယ့် သတင်းတွေမှာဆိုရင်တော့

၁။ လမ်းပန်းဆက်သွယ်ရေးအပါအ၀င် အခြေခံအဆောက်အအုံနဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ရေးကိစ္စတွေကို ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဌတို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့သတင်း

၂။ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့်ရေးနှင့် စစ်ရေးမဟုတ်သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း

၃။ မြန်မာနိုင်ငံအပါအ၀င် တခြားနိုင်ငံတွေက ကလေးငယ် ၁၆၈ သန်းလောက်ဟာ ကလေးလုပ်သားအဖြစ် ခိုင်းစေခံနေရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သားအဖွဲ့ ILO က ပြောကြားလိုက်တဲ့သတင်း စတဲ့သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေး သွားဦးမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)