MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ ခုနှစ်၊ မေလ (၁၆) ရက် တနင်္လာနေ့

0
219

မြန်မာ သက္ကရာဇ် ၁၃၇၈ခုနှစ်၊ ကဆုန်လဆန်း (၁၀) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ မေလ (၁၆) ရက် တနင်္လာနေ့ ညနေ (၆) နာရီအထိ နောက်ဆုံးရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာ ရှုစားကြ ရမယ့် သတင်းတွေမှာဆိုရင်တော့

-ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေသူတွေအနေနဲ့ ဘာလိုချင်တယ်ဆိုတဲ့
တောင်းဆိုမှု တွေအစား၊ ဘာ ပေးနိုင်မလဲဆိုတဲ့ ကမ်းလှမ်းချက်ကို အခြေခံဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်တဲ့ သတင်း

-အစိုးရသစ်လက်ထက် ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးအရေးယူခံရသူတွေကို
နိုင်ရေးအကျဉ်းသား သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိမှ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)က ပြောကြားလိုက်တဲ့အကြောင်း

-နိုင်ငံပိုင်သတင်းမီဒီယာအနေနဲ့ အစိုးရနဲ့ပြည်သူတို့အကြားဆက်သွယ်ရေး
လမ်းကြောင်း တစ်ခုအဖြစ်ရပ်တည်သွားမယ်လို့ ပြန်ကြားရေးဝန်းကြီးက ပြောဆိုလိုက်တဲ့ သတင်း