မြန်မာကေဘယ်ရုပ်သံသတင်းဌာန နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၉) ရက် (သောကြာနေ့)

0
347

မြန်မာကေဘယ်ရုပ်သံသတင်းဌာနက နေ့စဉ်တင်ဆက်ပေးနေတဲ့ ရုပ်သံသတင်းအစီအစဉ်က ကြိုဆိုပါတယ်။ ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ သောကြာနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကိုစုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

၁။ NCA လက်မှတ်ထိုးပွဲကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေ၊ တွေကို အသိသက်သေတွေအဖြစ် ဖိတ်ကြားသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြံပေး ဦးလှမောင်ရွှေက ပြောလိုက်ပါတယ်။

၂။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်( NCA )ကို အသိသက်သေအဖြစ် လက်မှတ်ရေးထိုးမှာမဟုတ်ဘူးလို့ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ပါတီဥက္ကဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

၃။ တိုင်းရင်းသားဒေသတွေမှာ ၂၀၁၅ ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပိုမိုစိတ်ဝင်စား ကြတယ်လို့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ (Burma Partnership) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စတဲ့သတင်းတွေနဲ့အတူ အခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးသွားအုန်းမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)