မြန်မာကေဘယ်ရုပ်သံသတင်းဌာန နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၈) ရက် (ကြာသာပတေးနေ့)

0
323

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ တော်သလင်းလပြည့်ကျော် ၉ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ဗုဒ္ဓဟူးနေ့အတွက် နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကိုစုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

၁။ NCA လက်မှတ်ထိုးပွဲကိုဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးခွန်ထွန်းဦးတို့အပြင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ကိုအသိသက်သေတွေအဖြစ် ဖိတ်ကြားသွားမယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာအကြံပေးဦးလှမောင်ရွှေကဒီနေ့ ပြောကြားလိုက်ပါတယ်။

၂။ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကိုယ်တိုင်ပါဝင်ရေးဆွဲပြီး လက်မှတ်ထိုးထားတဲ့ ကျင့်ဝတ်တွေကို လိုက်နာပြီး ဟောပြောစည်းရုံးတာတွေပြုလုပ်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးကသတိပေးပြောကြားလိုက်ပါတယ်။။

၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်မှုကိုယုံကြည်မှုမရှိတဲ့အတွက် ကြိုတင်ဆန္ဒမဲပေးမှာမဟုတ်ဘူးလို့ သာယာဝတီထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗကသအဖွဲ့ဝင် ကိုနန္ဒစစ်အောင်ကပြောကြားလိုက်ပါတယ်။
စတဲ့သတင်းတွေနဲ့အတူ အခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးသွားအုန်းမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)