ဝန်ကြီးဌာနအသစ်တစ်ခု ထပ်မံဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတ ပြည်ထောင်စုလွှတ်တော်ကို တင်ပြ

0
314

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အသစ် တစ်ခုဖွဲ့စည်းဖို့ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် သမ္မတက တင်ပြလိုက်ပါတယ်။

အစိုးရအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တရားဥပဒေစိုးမိုးရေး စတာတွေကို ပိုမို ထိရောက်၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ အခုလိုဝန်ကြီးဌာန အသစ်တစ်ခုကို ထပ်မံဖွဲ့စည်းရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ထားတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)