၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်၊ ဗုဒ္ဓဟူးနေ့၊ နေ့စဉ်အွန်လိုင်းရုပ်သံ သတင်းအစီအစဉ်

0
301

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်က မဲဆန္ဒရှင်တွေကို Facebook စာမျက်နှာပေါ်ကနေ ဗီဒီယိုဖိုင်နဲ့ ရွေးကောက်ပွဲဆန္ဒမဲပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
၂။ လာမယ့် ရွေးကောက်ပွဲမှာ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်သူကို ရွေးချယ်မဲပေးကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
၃။ တရုတ်သမ္မတနဲ့ ထိုင်ဝမ်သမ္မတတို့ တွေ့ဆုံဖို့ရှိနေတဲ့အပေါ် ကြိုဆိုကြောင်း အမေရိကန်အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။
စတဲ့သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)