၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ (အင်္ဂါနေ့) နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်

0
291

ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၇၇ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ အင်္ဂါနေ့အတွက် မြန်မာကေဘယ်ရုပ်သံသတင်းဋ္ဌာနရဲ့ နေ့စဉ်အွန်လိုင်းရုပ်သံသတင်းအစီအစဉ်က နောက်ဆုံးရသတင်းတွေနဲ့ သတင်းပေးပို့ချက်တွေကို စုစည်းတင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။
၁။ ၂၀၁၅ ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ ၉၀ ခုနှစ်က ရလဒ်လို ဖြစ်မှာကို စိုးရိမ်တာ သဘာဝကျတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။
၂။ ရွေးကောက်ပွဲလွန်ကာလတွေမှာ နိုင်ငံရေးအင်အားစုတွေအားလုံး လက်ခံနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းသစ် ပေါ်ပေါက်လာဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေအားလုံး ဆွေးနွေးညှိနှိုင်း ပူးပေါင်းအဖြေရှာ ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
၃။ အောက်တိုဘာလ ၃၁ ရက်နေ့က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းမှာ ပျက်ကျခဲ့တဲ့ ရုရှားလေယာဉ်က သေဆုံးခဲ့သူတွေရဲ့ ရုပ်လောင်းကို ဒီကနေ့ နိုဝင်ဘာလ 3 ရက်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘာ့မြို့ရှိ လေဆိပ်ကို သယ်ဆောင်လာခဲ့ပြီဖြစ်ပါတယ်။
စတဲ့သတင်းတွေနဲ့အတူ တခြားထူးခြားတဲ့သတင်းတွေကိုလည်း တင်ဆက်ပေးဦးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)