MCN နေ့စဉ် ရုပ်သံသတင်းအစီအစဉ် ၂၀၁၆ခုနှစ်၊ မေ (၃) ရက် အင်္ဂါနေ့ 

0
297

MCN သတင်းဌာနရဲ့ နေ့စဉ် ရုပ်သံအစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၈ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၁) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ်၊ မေလ (၃) ရက် အင်္ဂါနေ့ ညနေ (၆) နာရီအထိ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဒီကနေ့မှာ ရှုစားကြရမယ့် သတင်းတွေမှာဆိုရင်တော့

၁။ တပ်မတော်ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေအပေါ် အထင်အမြင်လွဲမှား သုံးသပ်သူတစ်ချို့က တပ်မတော်ရဲ့ စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် လုပ်ဆောင်လာနိုင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သတင်း
၂။ မြန်မာနိုင်ငံ စာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်အောင် သတင်းမီဒီယာလောကသားတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ပြောကြားလိုက်တဲ့အကြောင်း
၃။ မဲခေါင်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအနေနဲ့ အမေရိကန်ဒေါ်လာ ၇ ဘီလီယံကျော် ကူညီပေးသွားမယ်လို့ ပြောကြားလိုက်တဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)