လူထု အကြည်ညို လွန်ရင် လက်နက်မဲ့ အာဏာရှင် ဖြစ်သွားတတ် | ဗုဒ္ဓနည်းကျ နိုင်ငံရေး (အပိုင်း-၁)

0
3487

❖ တိုင်းနိုင်ငံတော် တစ်ခုမှာ လူထုက အကြည်ညိုလွန်ရင် လက်နက်မဲ့ အာဏာရှင်မျိုးလည်း ဖြစ်သွားတတ်တာကြောင့် ဗုဒ္ဓတရားတော်တွေကို နှလုံးသွင်းပြီး လိုက်နာကျင့်ကြံဖို့ စစ်ကိုင်းတောင်ရိုးက IBEC ဆရာတော်လို့ လူသိများထင်ရှားတဲ့ ဒေါက်တာအရှင်သောဘိတက မိန့်ကြားလိုက်ပါတယ်။

❖ စတော့ဟုမ်း ကမ္ဘာ့ ငြိမ်းချမ်းရေးဆုရှင်ဆရာတော်တစ်ပါးလည်းဖြစ်တဲ့ ဆရာတော် ရေးသားပြုစုထား တဲ့ “ဗုဒ္ဓနည်းကျ နိုင်ငံရေး” (Buddhist Perspective on Political Culture In Myanmar) စာအုပ်ကို လာမယ့် အောက်တိုဘာလ (၁၅) ရက်နေ့မှာ ဖြန့်ချိဖို့ ရှိနေတဲ့အပေါ် MCN သတင်းဌာနက ဆက်သွယ် လျှောက်ထား မေးမြန်းရာမှာ ဆရာတော်က အဲ့ဒီလိုမိန့်ကြားလိုက်တာပါ။

❖ အပြည့်အစုံကို “ဗုဒ္ဓနည်းကျ နိုင်ငံရေး” – အပိုင်း (၁) မှာ ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်။ MCN သတင်းဌာနကနေ ဆရာတော်ရေးသား ပြုစုထားတဲ့ “ဗုဒ္ဓနည်းကျ နိုင်ငံရေး” (Buddhist Perspective On Political Culture In Myanmar) စာအုပ်ပါ အကြောင်းအရာတွေကို Medium ပြောင်းလဲ ပြီး ရုပ်/သံ အစီအစဉ်တွေအဖြစ် ဓမ္မဒါနပြုတဲ့ အနေနဲ့ ထပ်မံတင်ဆက်ပေးသွားဖို့ ရှိနေတဲ့အကြောင်းကိုလည်း သတင်းကောင်း ပါးလိုက်ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)