လူမှုကွန်ယက်စာမျက်နာတွေပေါ်မှာ စာအုပ်စာပေတွေ ဖြန့်ဝေနေခြင်းကို မူပိုင်ခွင့်နဲ့ ထိန်းချုပ်ဖို့ ဆွေးနွေး

0
415

လူမူကွန်ယက်တွေပေါ်မှာ ဖြန့်ဝေနေတဲ့ စာအုပ်တွေပာာ အခုလက်ရှိအချိန်ထိ တရားဝင်မူပိုင်ခွင့်တွေမပေါ်ပေါက် သေးတာကြောင့် အွန်လိုင်းကတစ်ဆင့် လူမှုကွန်ရက်ပေါ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

စာအုပ်ကိုဝယ်ယူဖတ်ရှုနူန်းကျဆင်းနေချိန်မှာ ဒီလို အလွယ်တကူရရှိနေကြတာဟာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ် လာပါတယ်။
မြန်မာနိုင်ငံအနှံအပြားနဲ့ နိုင်ငံတကာက ထုတ်ဝေသူတွေ ပူပေါင်းပြီးတော့ မူပိုင်ခွင့်တစ်ရပ် ပေါ်ပေါက်လာဖို့ ရသတံတား အပြည်ပြည်ဆိုရာစာအုပ်အရောင်းပွဲတော်မှာ ဆွေးနွေးနေကြပါတယ်။
အင်တာဗျူး ( မြေမှုန်လွင် – ပွဲစီစဉ်သူ [ရသတံတား စာအုပ်အရောင်းပွဲတော်] )

မလ 27 ရက်နေ့ကနေ 29 ရက်နေ့အထိ ရန်ကုန်မြို့တော်ဝင်စင်တာမှာ ကျင်းပပြုလုပ်တဲ့ ရသတံတား အပြည်ပြည်ဆိုင်ရာ စာအုပ်အရာင်းပွဲတော်ရဲ့ ရည်ရွယ်ချက်ပာာလည်း ဘာသာပြန်စာရေးဆရာတွေ ပေါ်ထွက်လာဖို့နဲ့ ထုတ်ဝေသူတွေကိုယ်တိုင်ကလည်း နိုင်ငံတကာကလုပ်ငန်းရှင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ဖြစ်ပါတယ်။
ဖွံဖြိုးစနိုင်ငံတွေမှာ ဖျော်ဖြေရေးတွေကိုသာ လူတွေက အဓိကထားအားပေးကြပေမယ့် အချိန်ကာလတစ်ခုကျော်လွန် သွားရင်တော့ စာအုပ်စာပေတွေကိုသာပြန်လည်အားပေးမယ်လို့ ယုံကြည်နေသူတွေလည်းရှိပါတယ်။
အင်တာဗျူး (ခက်ဇော် – အယ်ဒီတာချူပ် [ The Book House ] )
ပြောင်းလဲမှုတွေဖြစ်ပေါ်နေတဲ့ တိုင်းပြည်တစ်ခုမှာ အွန်လိုင်းမီဒီယာတွေ အားကောင်းနေချိန် စာပေ ထုတ်ဝေရေးတွေကတော့ အားနည်းလာနေတာဖြစ်ပါတယ်။ ဒီအပြောင်းအလဲမှာ လုံးဝပျောက်ကွယ်မသွားဖို့ကို တော့ စာပေလောကသားတွေက ကြိုးစားရုန်းကန်နေကြတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)