99 Homes ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မိတ်ဆက်

0
306

[fbvideo link=”https://www.facebook.com/mcntv/videos/745782372214975/” width=”800″ height=”700″ onlyvideo=”1″]

ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ 99 Homes ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဇာတ်ကားကို လာမဲ့ စက်တင်ဘာလ 25 ရက်နေ့ အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာ Dennis Nash(ဒန်းနစ် နက်စ်)ဟာ ဆောက်လုပ်ရေးသမားတစ်ဦးဖြစ်ပြီး မိသားစုနဲ့ အေးချမ်းစွာ နေထိုင်နေသူတစ်ဦးဖြစ်ပါတယ်
တနေ့မှာတော့ သူတို့မိသားစုကို Rick Carver(ရစ်ကာဗာ)ဆိုသူက အာဏာသုံးပြီး သူတို့အိမ်ကနေ မောင်းထုတ်ခဲ့ပါတယ်။
အဲဒီနောက် အိမ်ခြေမဲ့ဖြစ်သွားတဲ့ သူတို့မိသားစုရဲ့ ဘ၀ကိုကယ်တင်ဖို့ ကြိုးစားခဲ့ပြီး သူတို့မိသားစုကို အခုလိုဖြစ်အောင်လုပ်တဲ့ တရားခံကိုရှာဖို့ သူဟာ Rick Carver (ရစ်ကာဗာ)နဲ့ တွဲပြီး အလုပ်အတူ လုပ်ခဲ့ပါတယ်။
တကယ်တော့ သူတို့မိသားစုကိုလုပ်ကြံခဲ့တာက Rick Carver (ရစ်ကာဗာ)မှန်း ဘယ်လိုသိရှိ သွားမလဲဆိုတာကို ဒီဇာတ်ကားမှာကြည့်ရှု့ရမှာဖြစ်ပါတယ်။
ဇာတ်ကားကို ဒါရိုက်တာ Ramin Bahrani (ရာမီ ဘာရမ်နီ)ကရိုက်ကူးထားတာဖြစ်ပြီး Broad Green Picture ကုမ္ပဏီက ဖြန့်ချီလိုက်တဲ့ ဒရမ်မာဇာတ်ကားပဲဖြစ်ပါတယ်။
ဒီကားထဲမှာ မင်းသား Andrew Garfield (အန်ဒရူး ဂါဖီး) , Michael Shannon (မိုင်ကယ် ရှနွန်း) တို့အဓိကပါဝင်ထားပြီး အခြားသရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားကြတာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)