Monster Hunt ရုပ်ရှင်ဇာတ်ကား မိတ်ဆက်

0
377

[fbvideo link=”https://www.facebook.com/mcntv/videos/799357273524151/” width=”800″ height=”700″ onlyvideo=”1″]

 

အမေရိကန်ပြည်ထောင်စုကရုပ်ရှင်ရုံတွေမှာ ဇန်န၀ါရီလ 22 ရက်နေ့မှာ ရုံတင်ပြသမဲ့ Monster Hunt ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ Monster နဲ့ လူတွေဟာ အတူနေလို့မရဘူးလို့ သတ်မှတ်ထားသလို လူတွေကလည်း မွန်းစတားအကောင်တွေကို ပိုက်ဆံပေးပြီး ၀ယ်ယူနေတာကြောင့် မွန်းစတားမုဆိုးတွေရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံရပါတယ်။
မွန်းစတားတို့နယ်မြေမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဘုရင်မဟာ ကိုယ်ဝန်နဲ့ထွက်ပြေးခဲ့ရပါတယ်။
သူမနောက်လိုက်နေတဲ့ ရန်သူတွေများပြားတဲ့အပြင် မကြာမီသူသေတော့မယ်ဆိုတာကို သိတဲ့အတွက် ဗိုက်ထဲက ကလေး အသက်ရှင်ဖို့ လူသားတစ်ဦးရဲ့ ဗိုက်ထဲကို လွဲပြောင်းပေးခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။
အဲဒီနောက် ယောင်္ကျားလေးတစ်ဦးရဲ့ဗိုက်ထဲမှာ ရှိနေခဲ့တဲ့ မွန်းစတားဘုရင်အသစ်လေးမွေးဖွားလာခဲ့ပြီး လူသားတွေနဲ့ မွန်းစတားဘုရင်လေးကြား သံယောစဉ်တွယ်သွားပုံတွေ ၊ ဒါ့အပြင် မွန်းစတားဘုရင်လေးပေါ် ကျရောက်လာတဲ့ အန္တရာယ်တွေကို ကာကွယ်သွားတဲ့ပုံတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ Raman Hui (ရာမန် ဟူး) ကရိုက်ကူးထားတာဖြစ်ပြီး Baihe Bai (ဘိုင်ဟေး ဘိုင်), Boran Jing (ဘိုရန် ဂျင်း) နဲ့အတူ တခြားသရုပ်ဆောင်တွေအားဖြည့်ထားတဲ့ ဟာသ အက်ရှင်ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)