တောင့်တောင့်တင်းတင်း မာရီစလင်း ဗီဒီယို ဇာတ်ကားမိတ်ဆက်

0
325

ဆောင်းညပြာသို ဗီဒီယိုထုတ်လုပ်ရေးက မကြာမီ ဖြန့်ချိဖို့ရှိနေတဲ့ တောင့်တောင့်တင်းတင်း မာရီစလင်း ဗီဒီယို ဇာတ်ကားနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်ပြီး စူပါမော်ဒယ်ဖြစ်ချင်နေတဲ့ မာရီလင်း ဆိုတဲ့ မိန်းကလေးဟာ ဖခင်ဖြစ်သူက လောင်းကစားလုပ်ပြီး အကြွေးတွေများလာတာကြောင့် အကြွေးရှင်အိမ်မှာ အိမ်ဖော်အဖြစ် အလုပ်လုပ်ကာ အကြွေးဆပ်နေရသူဖြစ်ပါတယ်။
တစ်နေ့မှာတော့ အိမ်ရှင်က ခြေတော်တင်ဖို့ ကြိုးပမ်းမှုကြောင့် မာရီလင်းတစ်ယောက် အဲဒီအိမ်က ထွက်ပြေးခဲ့ပြီး သူငယ်ပြန်နေတဲ့ မိခင်ကို လုပ်ကျွေးနေတဲ့ ဖိုးကောင်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် မာရီလင်းနဲ့ ဖိုးကောင်းမိခင်တို့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွေ့ဆုံပြီး ခင်မင်သွားရာက မာရီလင်းအပေါ် သံယောဇဉ်ဖြစ်ပြီး သားဖြစ်သူကို သူ့အတွက် အဖော်ရအောင် ယူပေးပါလို့ ပူဆာလာပါတယ်။ ဖိုးကောင်းနဲ့ မာရီလင်းတို့ လက်ထပ်ဖြစ်မှာလား၊ သူငယ်ပြန်နေတဲ့ မိခင်နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားထွက်ရှိတဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ ကောင်းပြည့်၊ ရွှေမှုံရတီ၊ အုန်းသီး၊ ဂွမ်းပုံကြီးတို့က အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)