Hotel Transylvania 2 (2015 ) Animation ရုပ်ရှင်ဇာတ်ကား မိတ်ဆက်

0
308

[fbvideo link=”https://www.facebook.com/mcntv/videos/744484139011465/” width=”800″ height=”700″ onlyvideo=”1″]

Hotel Transylvania 2 (2015 )(ဟိုတယ်ထရမ်ဆယ်ဗာနီးယား) Animation ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်
လာမဲ့စက်တင်ဘာလ 25 ရက်နေ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ၇ုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်ရှင်။
ဒီဇာတ်ကားရဲ့ ပထမတစ်ကားဖြစ်တဲ့ Hotel Transylvania 1 ကိုလည်း ကမ္ဘာအနှံ့က ရုပ်ရှင်ချစ်သူတွေ အကြိုက်တွေ့ခဲ့ကြပါတယ်။
ပထမဇာတ်ကားမှာ ဒရာဂူလာဟာ သူတို့ရဲ့ သစ္ဆေကမ္ဘာထဲကို လူသားတွေအ၀င်မခံဘဲ လူသားတွေကို သစ္စာမဲ့သူအဖြစ် ထင်မြင်နေသူဖြစ်ပါတယ်။
အဲဒီနောက် သူရဲ့ သမီးဖြစ်သူကြောင့် လူသားတွေကို လက်ခံလာနိုင်ခဲ့ပြီး သမီးဖြစ်သူကို လူသားတစ်ဦးနဲ့ လက်ထပ်ပေးခဲ့ပါတယ်။
အခု ဒီရုပ်ရှင်ဇာတ်ကားမှာတော့ သူ့ရဲ့သမီးက မြေးဖြစ်သူ လူတစ်ပိုင်းတစ္ဆေတစ်ပိုင်း ကလေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။
အဲဒီကလေးကို တစ္ဆေအတတ်ပညာ သင်ပေးဖို့ကြိုးစားရင်း အလွဲလေးတွေနဲ့ကြုံတွေ့ရတာကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
ဇာတ်ကားမှာ အသံသရုပ်ဆောင်တွေအဖြစ် အဆိုတော် Selena Gomez , Adam Sandler နဲ့အတူ အခြား အသံပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေပါဝင်ထားကြပါတယ်။
ဇာတ်ကားကိုဒါရိုက်တာ Genndy Tartakovsky (ဂျန်ဒီတာတကော့စကီ) ကရိုက်ကူးထားတာဖြစ်ပြီး Sony Picture Animation ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)