ဒါရိုက်တာ Alex Provas ကရိုက်ကူးထားတဲ့ Gods of Egypt ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်

0
313

[fbvideo link=”https://www.facebook.com/mcntv/videos/813281622131716/” width=”800″ height=”700″ onlyvideo=”1″]

 

Gods of Egypt လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်ပေးသွားမှာပါ။
ဒီဇာတ်ကားကိုလာမဲ့ ဇန်န၀ါရီလ 24 ရက်နေ့ အမေရိကန်ပြည်ထင်စုက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
အီဂျစ်တိုင်းပြည်ဟာ သာယာဝပြောပြီး ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။
တနေ့မှာတော့ Set လို့အမည်ရတဲ့ အမှောင်တုနတ်ဘုရားဟာ အီဂျစ်အင်ပါယာတစ်ခုလုံးကို သိမ်းပိုက်ခဲ့ပြီး တိုင်းပြည် ပြိုပျက်ခဲ့ရပါတယ်။
အဲဒီနောက် Bek လို့အမည်ရတဲ့ သူရဲကောင်း ဟာ အီဂျစ်နတ်ဘုရားHorus ဆီက ကမ္ဘာကြီးနဲ့ ပြည်သူတွေကို ကယ်တင်ဖို့ တန်းခိုးကိုတောင်းခံခဲ့ပါတယ်။
Horus နတ်ဘုရားထံက တန်ခိုးကို ရယူပြီး သူရဲကောင်း Bek ဟာ သူ့နောက်လိုက် စစ်သည်တွေနဲ့အတူ Set နတ်ဘုရားကို တိုက်ခိုက်ပုံတွေ အီဂျစ်နတ်ဘုရားတွေကြားအားပြိုင်မှုတွေ ကမ္ဘာကြီးကို ကယ်တင်နိုင်ဖို့ တိုက်ခိုက်ပုံတွေကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။
ဒါရိုက်တာ Alex Provas ကရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို Gerard Butler , Nikolaj Coster- Waldau တို့နဲ့အတူ တခြားသရုပ်ဆောင်တွေအားဖြည့်ထားပြီး အမေရိကန်ဒေါ်လာ သန်း 140 အကုန်ကျခံကာ ရိုက်ကူးထားတဲ့ စွန့်စားစိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)