Jane Got a Gun ရုပ်ရှင်ဇာတ်ကား မိတ်ဆက်

0
255

[fbvideo link=”https://www.facebook.com/mcntv/videos/795236070602938/” width=”800″ height=”700″ onlyvideo=”1″]

 

Jane Got a Gun ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်ပေးသွားမှာပါ။ ဒီဇာတ်ကားကို လာမဲ့ ဇန်န၀ါရီလ 29 ရက်နေ့ အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမျိုးသမီးဖြစ်သူ Jane ရဲ့အမျိုးသားဟာ လူသတ်သမားတွေရဲ့ လက်ထဲကနေ အဖမ်းမခံဘဲထွက်ပြေးနေတဲ့ ၀ရန်းပြေးတစ်ဦးဖြစ်ပါတယ်။
သူမရဲ့မိသားစုအပေါ်မှာလည်း အဲဒီရဲ့နောက်ဆက်တွဲ အန္တရာယ်ကျရောက်လာတာကြောင့် သူမရဲ့ မိသားစုကို ကာကွယ်ဖို့ ခရီးထွက်လာခဲ့ပါတယ်။
အဲဒီနောက် သူမရဲ့ရည်းစားဟောင်းဖြစ်သူရဲ့ အကူအညီကို ရယူခဲ့ပြီး ကိုယ်ခံပညာကိုသင်ယူခဲ့ပါတယ်
မိသားစုကို ကာကွယ်ဖို့ အားသွန်ခွန်စိုက်ကြိုးစားရင်း မသမာသူရဲ့ လက်ကနေ မိသားစုကို ကာကွယ်သွားနိုင်မလားဆိုတာ ဒီဇာတ်ကားထဲမှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ Gavin O’Connor(ဂေဗင် အိုကော်နာ )ကရိုက်ကူးထားတာဖြစ်ပြီးမင်းသမီး
Natalie Portman (နတ္တလီ ပို့ထ်မန်း) ၊ Ewan McGregor (ယူဝမ်း မက်ဂရီဂါ) နဲ့အတူ တခြားစရုပ်ဆောင်တွေ အားဖြည့်ထားတဲ့ အက်ရှင် ဒရမ်မာရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)