အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာပြသမဲ့ The 5 th Wave ရုပ်ရှင်ဇာတ်ကားမိတ်ဆက်

0
257

[fbvideo link=”https://www.facebook.com/mcntv/videos/778245328968679/” width=”800″ height=”700″ onlyvideo=”1″]

 

The 5 th Wave ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာပါ။
ဒီဇာတ်ကားကို လာမဲ့ 2016 ဇန်န၀ါရီလ 15 ရက်နေ့ အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်ရှင်။
ဒီဇာတ်လမ်းထဲမှာ ကမ္ဘာကြီးမှာ ကပ်ကြီး 5 ပါးဆိုဒ်ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ပထမဦးဆုံး လျှပ်စစ်နဲ့တ်သတ်တဲ့ ပြဿနာကြုံတွေ့ခဲ့ရပြီး လောယာဉ်ပျက်ကျမှုအပါအ၀င် ယာဉ် မတော်တဆမှုကြောင့် လူဦးရေ 5 သောင်းခန့် သေဆုံးခဲ့ရပါတယ်။
ဒုတိယအကြိမ်မှာတော့ မြေပြိုမှုတွေ ရေကြီးမှုတွေဖြစ်ခဲ့ပြီး ကမ္ဘာ့ လူဦးရေရဲ့ 40 ရာခိုင်နုန်းသေဆုံးခဲ့ရပါတယ်။
တတိယအကြိမ်မှာတော့ ငှက်တွေကနေ သယ်ဆောင်လာတဲ့ ဗိုင်းရပ်တစ်မျိုးပျံပွားခဲ့ပြီး ရောဂါတွေဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကျန်ရှိတဲ့ လူသားတွေဟာ ဒီပြဿနာအတွက် အဖြေရှာကြရင်းနဲ့ စစ်ပညာကိုသင်ယူခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ စစ်ခေါင်းဆောင်တစ်ဦးက ဒီသင်တန်းမှာရှိတဲ့ သူတွေအားလုံးကို သတ်ဖို့အမိန့်ပေးခဲ့ပါတယ်။
ထွက်ပြေးဖို့လမ်းစတွေနည်းသလို အဲဒီချိန်မှာသိလာရတာက ဒါက စတုတ္ထအကြိမ် ကဒ်ဆိုဒ်တာဖြစ်ပြီး အားလုံးက လူသားစစ်စစ်တွေမဟုတ်ကြတော့ပါဘူး။
အဲဒီနောက် 5 ကြိမ်မြောက် ကဒ်ဆိုဒ်တဲ့အချိန်မှာတော့ ကျန်ရှိတဲ့လူသားတွေကို သတ်ဖြတ်ဖို့ကြိုးစားရင်း လူသားမဟုတ်တဲ့သူတွေရဲ့ အန္တရာယ်ကြားက Cassie က သူရဲ့ တစ်ဦးတည်းသော မောင်လေးကို ကာကွယ်ပေးနိုင်မလားဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားကို ဒါရိုက်တာ J Blakeson ကရိုက်ကူးထားတာဖြစ်ပြီး Chloe Grace Moretz ၊Nick Robinson နဲ့အတူ တခြားသရုပ်ဆောင်တွေ အားဖြည့်ထားတဲ့ အက်ရှင် ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)