Norm of the North လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမိတ်ဆက်

0
329

[fbvideo link=”https://www.facebook.com/mcntv/videos/794298400696705/” width=”800″ height=”700″ onlyvideo=”1″]

 

Norm of the North လို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာပါ။ ဒီဇာတ်ကားကိုလာမဲ့ ဇန်န၀ါရီလ 15ရက်နေ့ အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
Norm လို့အမည်ရတဲ့ ပိုလာဝက်ဝံဟာ အေးခဲလှတဲ့ မြောက်ဝန်ရိုးစွန်းဒေသမှာနေထိုင်တာဖြစ်ပြီးတနေ့မှာတော့ ၀က်ဝံလေးဟာ နယူးယောက်မြို့ခရီးထွက်လာခဲ့ပါတယ်။
Norm ဟာ မြောက်ဝန်ရိုးစွန်းဒေသမှာ ခေတ်မီ ဇိမ်ခံကွန်ဒိုဆောက်ဖို့ အစီစဉ်ရှိတာကိုရပ်တန့်ပေးဖို့ အတွက် နယူးယောက်မြို့က ကုမ္ပဏီကိုတောင်းဆိုဖို့ လာရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မြို့ပြဒေသမှာ ပိုလာ ၀က်ဝံအနေနဲ့ ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ မြောက်ဝန်ရိုးစွန်းဒေသမှာ တိုက်မြင့်တွေမဆောက်လုပ်ဖို့ ပိုလာဝက်ဝံအနေနဲ့ ဘယ်လိုကြိုးစားသွားမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
Trevor Wallက ရိုက်ကူးထားတာဖြစ်ပြီး Bill Nighy, Rob Schneider နဲ့အတူ တခြားအသံပိုင်းဆိုင်ရာ သရုပ်ဆောင်တွေအားဖြည့်ထားတဲ့ ဟာသAnimation ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)