ရွှေတံဆိပ်ဆု 4 ဆုရရှိခဲ့တဲ့ Jesse Owens ရဲ့ အကြောင်းရိုက်ကူးထားတဲ့Race ရုပ်ရှင်ဇာတ်ကား

0
342

[fbvideo link=”https://www.facebook.com/mcntv/videos/807804416012770/” width=”800″ height=”700″ onlyvideo=”1″]

 

Race ရုပ်ရှင်ဇာတ်ကားနဲ့မိတ်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားကို လာမဲ့ ဖေဖော်ဝါရီလ 19 ရက်နေ့ အမေရိကန်ပြည်ထောင်စုက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ 1936 ခုနှစ် ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ အိုလံပစ် အားကစားပြိုင်ပွဲမှာမှာ စံချိန်တင် ရွှေတံဆိပ်ဆု 4 ဆုရရှိခဲ့တဲ့ ပြေးခုန်ပစ်အားကစားသမား Jesse Owens ရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ပြေးခုန်ပစ် အားကစားသမားတစ်ဦးအနေနဲ့ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်ခဲ့ရပုံတွေ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားခဲ့ပုံတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားကို 2014 ခုနှစ်က ကနေဒါနိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာ Stephen Hopkins က ရိုက်ကူးထားတာဖြစ်ပါတယ်။
ရုပ်ရှင်သရုပ်ဆောင်တွေအဖြစ် Stephen James , Jason Sudeikis ( ဂျေဆန် တူဒေကစ် )နဲ့အတူ တခြားသရုပ်ဆောင်တွေ အားဖြည့်ထားတဲ့ အထုပတ္တိ ဒရမ်မာ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)