ကဗ်ာဆရာ ေမာင္ေခ်ာႏြယ္ ကြယ္လြန္ျခင္း ၁၆ ႏွစ္ျပည့္ အခမ္းအနား က်င္းပ

0
399

ကဗ်ာဆရာ ေမာင္ေခ်ာႏြယ္ ကြယ္လြန္ျခင္း ၁၆ ႏွစ္ျပည့္ အခမ္းအနားကို မေန႔ စက္တင္ဘာ ၃ ရက္က ရန္ကုန္ၿမိဳ႕၊ သံေစ်းရွိ Yangon Book Plaza မွာ က်င္းပပါတယ္။

အခမ္းအနားကို ကဗ်ာဆရာ ေမာင္ေခ်ာႏြယ္ရဲ႕ မိသားစုဝင္ေတြ၊ ကဗ်ာဆရာေတြနဲ႔ ကဗ်ာခ်စ္ျမတ္ႏိုးသူေတြ တက္ေရာက္ခဲ့ၾကပါတယ္။ ေမာင္ေခ်ာႏြယ္ဟာ ကဗ်ာပုဒ္ေရ ရာေပါင္းနဲ႔ခ်ီ ေရးသားခဲ့သူတစ္ဦးျဖစ္ၿပီး ကဗ်ာလံုးခ်င္းစာအုပ္ ၁၀ အုပ္ေက်ာ္ ထုတ္ေဝႏိုင္ခဲ့ပါတယ္။

ကဗ်ာဆရာ ေမာင္ေခ်ာႏြယ္ကို ၁၉၄၉ ခုႏွစ္မွာ ဖခင္ျဖစ္သူ နယ္ပိုင္ႀကီး ဦးေက်ာ္ျမင့္နဲ႔ မိခင္ျဖစ္သူ မင္းကေတာ္ ေဒၚသန္းသန္းတို႔က ရန္ကုန္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး ေမြးခ်င္း ၅ ဦးအနက္ သားအႀကီးဆုံးျဖစ္ပါတယ္။ ကဗ်ာ ဆရာ ေမာင္ေခ်ာႏြယ္ဟာ ၂ဝဝ၂ ခုႏွစ္တုန္းက ရန္ကုန္ၿမိဳ႕မွာ ကြယ္လြန္ခဲ့ပါတယ္။

<<<<<<<<<<<<<<<<<<<<<<<<

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့် အခမ်းအနား ကျင်းပ

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့် အခမ်းအနားကို မနေ့ စက်တင်ဘာ ၃ ရက်က ရန်ကုန်မြို့၊ သံဈေးရှိ Yangon Book Plaza မှာ ကျင်းပပါတယ်။

အခမ်းအနားကို ကဗျာဆရာ မောင်ချောနွယ်ရဲ့ မိသားစုဝင်တွေ၊ ကဗျာဆရာတွေနဲ့ ကဗျာချစ်မြတ်နိုးသူတွေ တက်ရောက်ခဲ့ကြပါတယ်။ မောင်ချောနွယ်ဟာ ကဗျာပုဒ်ရေ ရာပေါင်းနဲ့ချီ ရေးသားခဲ့သူတစ်ဦးဖြစ်ပြီး ကဗျာလုံးချင်းစာအုပ် ၁၀ အုပ်ကျော် ထုတ်ဝေနိုင်ခဲ့ပါတယ်။

ကဗျာဆရာ မောင်ချောနွယ်ကို ၁၉၄၉ ခုနှစ်မှာ ဖခင်ဖြစ်သူ နယ်ပိုင်ကြီး ဦးကျော်မြင့်နဲ့ မိခင်ဖြစ်သူ မင်းကတော် ဒေါ်သန်းသန်းတို့က ရန်ကုန်မြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၅ ဦးအနက် သားအကြီးဆုံးဖြစ်ပါတယ်။ ကဗျာ ဆရာ မောင်ချောနွယ်ဟာ ၂ဝဝ၂ ခုနှစ်တုန်းက ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)