PremRatanDhanPayo (2015) ရုပ်ရှင်ဇာတ်ကား မိတ်ဆက်

0
267

[fbvideo link=”https://www.facebook.com/mcntv/videos/762345633891982/” width=”800″ height=”700″ onlyvideo=”1″]

PremRatanDhanPayo (2015) ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်ပေးသွားမှာပါ။ ဒီဇာတ်ကားကို လာမဲ့ နိုဝင်ဘာလ 12 ရက်နေ့မှာ အိန္ဒိယနိုင်ငံကရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်ရှင်။
ဒီဇာတ်ကားထဲမှာတော့ မင်းသား Salman Khan ဟာ တိုင်းပြည်ရဲ့ မင်းတပါးဖြစ်ပြီးတော့ သူဟာ သာမန်ဘ၀နဲ့ ပဲနေထိုင်ချင်သူဖြစ်ပါတယ်။ သူ့ရဲ့ ဖအေတူအအေကွဲ အစ်ကိုတစ်ဦးဖြစ်တဲ့ Neil Nitinဟာ ထီးနန်းကို လုယူချင်သူဖြစ်ပြီး နည်းလမ်းကိုရှာဖွေနေခဲ့ပါတယ်။
ဒါပေမဲ့ Salman Khan က သူနဲ့ ရုပ်ချင်းဆင်တူတဲ့ သူကိုရှာဖွေခဲ့ပြီး သူတို့နှစ်ဦးဘ၀ချင်း လဲပြီး ရှင်သန်လိုက်တဲ့အခါမှာ Salman Khan က ကောင်မလေးတစ်ယောက်ကိုချစ်မိသွားခဲ့ပါတယ်။
သူ့ရဲ့ထီးနန်းကို လုယူဖို့ကြိုးစားတဲ့ Neil Nitinကရော သူတို့နှစ်ယောက်လူချင်းလဲထားတာကို ဘယ်လိုသိသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။
Salman Khan, SonamKapoor, Neil NitinMukeshတို့ အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပြီး ဒါရိုက်တာ SoorajiBarjatyaက ရိုက်ကူးထားတာဖြစ်ကာ Rajshri Production ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ ဒရမ်မာရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)