ပြင်သစ်ဂီတပွဲတော်ကို လူဦးရေ ၅၀၀ ကျော်လာရောက်ကြည့်ရှု့ခဲ့

0
345

ပြင်သစ်ယဉ်ကျေးမှုဌာနကစီစဉ်တဲ့ ပြင်သစ်ဂီတပွဲတော်ကို ဇွန်လ ၂၄ရက်က Strand Hotel မှာ ပြုလုပ်ခဲ့ တာဖြစ်ပြီး လူဦးရေ ၅၀၀ကျော်လောက် လာရောက်ကြည့်ရှု့ခဲ့ပါတယ်။

အဲ့ဒီဂီတပွဲတော်မှာ မြန်မာနိုင်ငံက တီးဝိုင်း၊ ကနေဒါနိုင်ငံက အနုပညာရှင်တစ်ယောက်နဲ့ ရန်ကုန်မြို့နေ နိုင်ငံ တကာ အနုပညာရှင်တွေနဲ့ ဖွဲ့ထားတဲ့ Alice’s Wonderband တီးဝိုင်းကနေ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

“ပြင်သစ်ဂီတအပေါ်ခံစားမှုက အရမ်းကောင်းတယ်။ အရမ်းသာယာတယ်ပဲပြောမလား။ သူတို့သုံးထားတဲ့ notes လေးတွေ၊ စာသားလေးတွေက အရမ်းကောင်းတယ်။ နားထောင်လိုက်တာနဲ့ ချက်ခြင်းရင်ထဲကို ထိသွားတာမျိုး တွေကြောင့် ကြိုက်တယ်။ ပြင်သစ် စကားနားလည်တော့ ပိုပြီးသီချင်းက ရင်ထဲထိတာကြောင့် ပိုကြိုက်မိတယ်” လို့ Pinky ကပြောပါတယ်။

အဲ့ဒီပွဲတော်မှာ ဂီတအမျိုးအစားအစုံပါဝင်ခဲ့ပြီး လာရောက်ဖျော်ဖြေတဲ့ ဧည့်သည် အနုပညာရှင် Melissa Laveaux ဟာပြင်သစ်နိုင်ငံမှာလည်း နယ်လှည့်ဖျော်ဖြေခဲ့တဲ့ ဂီတအနုပညာရှင်ဖြစ်ပါတယ်။

သူဟာကမ္ဘာအနှံ့က blue နဲ့ jazz ဂီတပွဲတော်တွေမှာလည်း ပါဝင်ဖျော်ဖြေခွင့်ရခဲ့သူဖြစ်ပြီး သူ့ရဲ့ဂီတာတီး ကျွမ်းကျင်မှုကြောင့်လည်း နာမည်ကြီးပါတယ်။

“ဒီညအစီအစဉ်ကတော့ အမျိုးအစားစုံလင်ပါတယ်။ ဘာလို့လဲဆိုတော့ Syemtric တီးဝိုင်းရဲ့ electro rock၊ Melissa Laveauxရဲ့ blue နဲ့ Alice၊ Wonderbandရဲ့ rock နဲ့ blue တွေပါဝင်တဲ့အတွက်ကြောင့်ပါ။ အဲဒါကြောင့်မို့ ကျွန်မတို့ရဲ့ ဒီညပွဲတော်ကို နိုင်ငံအစုံကလူတွေ ပါဝင်နိုင်ဖို့ စီစဉ်ထားပါတယ်။ ဂီတအမျိုးအစား သစ်တွေကိုဒီမှာ မိတ်ဆက်ပေးတဲ့အနေနဲ့ ကျင်းပပေးတာလည်းဖြစ်ပါတယ်”လို့ Sara ကပြောပါတယ်။

ဇွန်လ ၂၁ရက်နေ့ဟာ ကမ္ဘာ့ဂီတနေ့ဖြစ်ပြီး ပြင်သစ်နိုင်ငံမှာတော့ ဖျော်ဖြေပွဲတွေပြုလုပ်တဲ့အပြင် လမ်းတွေ ပေါ်မှာလည်း ဂီတ၀ါသနာရှင်တွေက တီးခတ်ဖျော်ဖြေကြကာ မြန်မာနိုင်ငံမှာတော့ ဒီလိုဂီတပွဲတော်ကို ပြုလုပ် ခဲ့တာဖြစ်ပါတယ်။

လင်းနှင်းအေး

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)