အဆိုတော် မိစန္ဒီရဲ့ ပစ်တိုင်းထောင်တေးစီးရီးသစ်ထွက်ရှိ

0
356

အဆိုတော် မိစန္ဒီရဲ့ တေးစီးရီးသစ်ဖြစ်တဲ့ ပစ်တိုင်းထောင် စီဒီတေးအယ်ဘမ်ကို ဇွန်လ(၂၉)ရက်နေ့က စတင်ဖြန့်ချီလိုက်ပါတယ်။

အဲ့ဒီတေးအယ်ဘမ်မှာ မိစန္ဒီနဲ့အတူ စိုးကြီး၊ ရဲရင့်အောင်၊ ဟိန်းသစ်၊ X Box၊ နီနီခင်ဇော်၊ Bobby Soxerနဲ့ မိခတ္တာတို့က Featuring ပါဝင်သူဆိုထားကြပါတယ်။

“ဒီပစ်တိုင်းတောင်ဆိုတဲ့ သီချင်းလေးက မိစန္ဒီကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးပါ။ ဘ၀မှာ မှတ်မှတ်ရရ တစ်ခါမှ ဘ၀အကြောင်းကို မရေးခဲ့ဖူးပါဘူး။ ဒီသီချင်းလေးက ပထမဦးဆုံးပါ။ ကိုယ်တကယ် စိတ်ညစ်တဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို အားပေးရင်းရေးထားတဲ့ သီချင်းလေးလည်း ဖြစ်တယ်”လို့ မိစန္ဒီကပြောပါတယ်။

ပစ်တိုင်းထောင် တေးအယ်ဘမ်မှာ သီချင်း(၁၄)ပုဒ်ပါဝင်ထားပြီး စိုးကြီး၊ ဘန်နီဖြိုး၊ သားသား၊ ရဲရင့်အောင်၊ X Box၊ Bobby Soxerနဲ့ မိစန္ဒီကိုယ်တိုင် ရေးစပ်ထားတဲ့ သီချင်းတွေဖြစ်ပါတယ်။

“မိစန္ဒီရဲ့ ဒီခွေလေးထဲမှာ feature လေးတစ်ပုဒ် ဆိုပေးဖြစ်ထားပါတယ်။ melody ရော rap ရော မိစန္ဒီ ကိုယ်တိုင် ရေးသားထားတာပါ။ နီနဲ့ မိစန္ဒီနဲ့ ခင်တာ ကြာပါပြီ။ ပထမ အယ်လ်ဘမ်မှာမဆိုဖြစ်ဘူး။ အခု အယ်လ်ဘမ်မှ ဆိုဖြစ်တာပါ။ အဲဒီသီချင်းတွေကလည်း ပရိသတ်ကြားထဲမှာ ရေပမ်းစားမယ့် သီချင်းဖြစ်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ နီနီခင်ဇော်ကလည်း မိစန္ဒီအတွက် အမှတ်တရစကားပြောပေးခဲ့ပါတယ်။

အဆိုတော် မိစန္ဒီဟာ ပစ်တိုင်းထောင် စီဒီတေးအယ်ဘမ်သစ်ကို ဇွန်လ(၁၉)ရက်နေ့က စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပသွားတာဖြစ်ပြီး ဂျန်းရှင်းစကွဲမှာ ဇွန်လ(၂၉)ညနေပိုင်းက မိစန္ဒီနဲ့ အတူအနုပညာရှင်တွေက အမှတ်တရ လက်မှတ်ရေးထိုးခြင်းနဲ့ အမှတ်တရ လက်ဆောင်ပေးအပ်တာတွေ ပြုလုပ်သွားပါတယ်။

နဒီကို

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)