အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မန္တလေးမြို့တွင်ကျင်းပ

0
357

ဇူလိုင်လ ၇ ရက်နေ့တွင် ကျရောက်မယ့် ၂၃၈ ကြိမ်မြောက် အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၂၁ ရက်က မန္တလေးမြို့ အမေရိကန် ဂျက်ဖဆန်စင်တာမှာ ကျင်းပ ခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ရှဲ ဦးဆောင်ပြီး မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် လူငယ်များရဲ့ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ပါ တယ်။

ဆွေးနွေးမှုတွင် မန္တလေးအခြေစိုက် လူငယ်အရေးလှုပ်ရှားဆောင်ရွက်နေသူတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။

“ဒီတွေ့ဆုံမှုတွေထဲမှာတော့ ကျွန်တော်တို့ရဲ့ ကျောင်းသားလှုပ်ရှားမှုတွေအကြောင်း၊ ဒီလှုပ်ရှားမှုတွေကို ဆက် လက်ဆောင်ရွက်ဖို့ ဘယ်လိုလမ်းစဉ်တွေချမှတ်ပြီး ဆောင်ရွက်မလဲဆိုတာတွေကို အပြန်အလှန်ဆွေးနွေးကြ တာပါ”လို့ တွေ့ဆုံမှုတွင်ပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။

ဒါ့အပြင်အဲ့ဒီ အထိမ်းအမှတ်အခမ်းအနားမှာပဲ မန္တလေးမြို့ခံ အရပ်ဖက်လူမှုအဖွဲ့အစည်းနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ပါ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးက တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လွန်ခဲ့တဲ့ ၂၃၈ နှစ် ၁၇၇၆ ခုနှစ် ဗြိတိသျှ တို့လက်အောက်က လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို မြန်မာနိုင်ငံအခြေစိုက် အမေရိကန် သံရုံးက ကျင်းပလေ့ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းတွင် မန္တလေးမြို့မှာပါ ကျင်းပလာတာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)