ကမ္ဘာ့ AIDS ဆွေးနွေးပွဲကို မလေးရှားလေယာဉ် ပျက်ကျ သေဆုံးခဲ့သူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်နှင့် စတင်

0
329

ကမ္ဘာ့ AIDS ဆွေးနွေးပွဲကို မလေးရှားလေယာဉ် ပျက်ကျရာမှာ သေဆုံးခဲ့သူတွေအတွက် ၀မ်းနည်းကြေကွဲတဲ့ အခမ်းအနားနဲ့ စတင်ခဲ့ပါတယ်။

ကမ္ဘာ့ AIDS ဆွေးနွေးပွဲတက်ရောက်ဖို့လာရင်း မလေးရှားလေယာဉ် MH 17 ပျက်ကျမှုကြောင့် သေဆုံးခဲ့သူ ၆ ဦးအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဆွေးနွေးပွဲကိုစတင်လိုက်တာပါ။

အဲ့ဒီဆွေးနွေးပွဲမှာ သေဆုံးသွားသူ ၆ ဦးကို ၀မ်းနည်းတဲ့အထိမ်းအမှတ်အဖြစ် တက်ရောက်လာသူတွေက တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြပါတယ်။

အကြိမ်၂၀မြောက် ကမ္ဘာ့ AIDS ဆွေးနွေးပွဲကို သြစတီးတြားနိုင်ငံ၊ မဲဘွမ်( Melbourne)မြို့မှာ ဇူလိုင်လ ၂၀ ရက်နေ့ကနေ စတင်ပြီး ၆ ရက်တာ ကျင်းပမှာဖြစ်ပါတယ်။

သေဆုံးသွားသူတွေထဲမှာ AIDS ရောဂါ ပပျောက်ရေးမှာ အရေးကြီးတာဝန်တွေထမ်းဆောင်နေတဲ့ အသက် (၃၃)နှစ်အရွယ် ဒတ်ခ်ျလူမျိုးဂျိုးလန့်ခ်ျ(Joep Lange) လဲပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ AIDS အဖွဲ့ကြီးရဲ့ တွဲဖက် ဥက္ကဌပါမ္ခော ရှာရွန် လီဝင်(Sharon Lewin)က “လေယာဉ်ပေါ်မှာ ကွယ်လွန်ခဲ့တဲ့ ကျွန်မတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက AIDS ရောဂါကို ဆက်လက်တိုက်ပွဲဝင်စေပြီး ဒီရောဂါ ကမ္ဘာပေါ်က ပျောက်ကွယ်မှာကို မြင်တွေ့ချင်ကြမှာပါ”လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်မှာ လူပေါင်း ၃၅ သန်းက HIV ဗားရက်စ်ကူးစက်ခံနေရပြီး ၊ ၁.၅ သန်းက HIV ဆက်စပ်ရောဂါတွေကြောင့် သေဆုံးကာ ၂.၁ သန်းကတော့ အသစ်ကူးစက်ခံနေရပါတယ်။

နှစ်နှစ်မှာ တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ AIDS အခမ်းအနားကို သုတေသနပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူအစရှိတဲ့ လူပေါင်း တစ်သောင်းနှစ်ထောင် ကျော်တက်ရောက်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)