အင်းစိန် GTI ပြန်လည်ဖွင့်လှစ်

0
341

ပညာအရည်အချင်း အဋ္ဌမတန်းအောင်မြင်ပြီးသူတွေကနေစပြီး တက်ရောက်နိုင်တဲ့ နည်းပညာဆိုင်ရာ အသက် မွေးဝမ်းကျောင်းသင်တန်းကို အင်းစိန်စက်မှုလက်မှု သိပ္ပံကျောင်းဝင်း(ယခင်ကကျောင်းဟောင်း)မှာ ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

အဲ့ဒီသင်တန်းကို စက်မှုလက်မှုသိပ္ပံကျောင်းသားဟောင်းအသင်းနဲ့ ဂျပန်ကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းဖွင့်ခဲ့တာဖြစ်ပြီး သင်တန်းကာလတစ်ခုကို ၈ လကြာမြင့်မှာပါ။

“မြန်မာ AGTI Society ကလည်း ပုဂ္ဂိုလိက ကဏ္ဍတစ်ခုအနေနဲ့ လုပ်ငန်းခွင်အတွက် လက်တွေ့ကျမယ့် ထိ ရောက်စေမယ့် ကျွမ်းကျင်ပညာရှင်တွေကို ဖြည့်ဆည်းပေးမယ့် အဓိကသင်တန်းမျိုးဖြစ်ပါတယ်။ တစ်ဖက်က တော့ နိုင်ငံတော် ဖွင့်လှစ်တဲ့ဟာက အင်ဂျင်နီယာဘာသာရပ်ကို ဦးစားပေးသွားပေမယ့် ဒီဟာက လက်တွေ့မှာ ပိုပြီး အကျိုးသက်ရောက်စေမယ့် သင်တန်းမျိုးလည်း ဖြစ်ပါတယ်”လို့ စက်မှုလက်မှု သိပ္ပံကျောင်းသား ကျောင်း သူ ဟောင်းများအသင်း ဒုဥက္ကဌ ဦးတင်လှိုင် ကပြောပါတယ်။

လက်ရှိမှာတော့ လျှပ်စစ်နည်းပညာနဲ့ ပတ်သက်တဲ့ဘာသာရပ် နှစ်ခုအတွက် ဇူလိုင်လ ၂၈ ရက် ကနေသင်တန်း
စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ရွေးချယ်ထားတဲ့ သင်တန်းသားအယောက် ၄၀ ရှိပါတယ်။

အဲ့ဒီသင်တန်းအတွက် သင်တန်းနေရာနဲ့ သင်ထောက်ကူပစ္စည်းတွေကို စက်မှုလက်မှု သိပ္ပံကျောင်းသားဟောင်း အသင်းနဲ့ ဂျပန်ကုမ္ပဏီတွေက ထောက်ပံ့ပေးတာဖြစ်ပြီး သင်တန်းသားတွေ အနေနဲ့တော့ သင်တန်းမှာအသုံးပြု တဲ့ ကုန်ကြမ်းပစ္စည်းအတွက် တစ်လကို နှစ်သိန်းပေးသွင်းရမှာ ဖြစ်ပါတယ်။

“Electrical နဲ့ပတ်သက်တာ ဆယ်တန်းလောက်ကတည်းက Diode တင်ဆက်တာ Register တို့ Capacity တို့ကနေ ကိုယ်တိုင်အဲ့ဒီလို လုပ်ချင်လို့ တက်ဖြစ်သွားတာဖြစ်ပါတယ်။ ဒီသင်တန်းမှာ Practical တွေအရမ်းများ တယ်။ သင်ထောက်ကူပစ္စည်းတွေ အရမ်းများတယ်။ ဒီသင်တန်းပြီးလို့ ပြည်တွင်းမှာ မလုပ်ချင်လဲ တခြား ပြည်ပ က တက္ကသိုလ်ကြီးတွေမှာလည်း ဘွဲ့ကြိုတန်းကို ဆက်တက်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ သင်တန်းသားတစ်ဦး ဖြစ်သည့် ကိုရဲမင်းအောင်ကပြောပါတယ်။

အင်းစိန်စက်မှုလက်မှုသိပ္ပံကျောင်းဟာ ၁၈၉၅ ခုနှစ် ကနေ ၁၉၉၈ ခုနှစ်အထိ ရာစုနှစ်တစ်ခုကျော်ကြာ ဖွင့်လှစ် ခဲ့တဲ့ နည်းပညာကျောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ဒီသင်တန်းဟာ နည်းပညာဘာသာရပ်တွေကို သင်ကြားပေးမယ့် ပထမဆုံးသင်တန်း တစ်ခု အနေနဲ့ ပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)