ရန်ကုန်မြို့တော်စည်ပင်ကပြုလုပ်တဲ့ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပ

0
321

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပတဲ့ ၂၀၁၄ ခုနှစ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကို ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှာ သြဂုတ်လ(၁၇)ရက်နေ့က ကျင်းပခဲ့ ပါတယ်။

ဒီပြိုင်ပွဲကို ရန်ကုန်မြို့သာမက မန္တလေး၊ ဖျာပုံ၊ မော်လမြိုင်စတဲ့ နယ်မြို့တွေက လည်းလာရောက်ယှဉ်ပြိုင်ကြပြီး ကျောင်း သား၊ ကျောင်းသူစုစုပေါင်း ၁၆၂ ယောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

“ဒီနေ့  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြီးမှူးကျင်းပတဲ့ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲကို အစိုးရသစ် လက်ထပ်မှာပထမဆုံးအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်ပါတယ်။ ရန်ကုန်မြို့တော် အတွင်းမှာမှီတင်းနေထိုင်ကြတဲ့ မြို့တော် သူ မြို့တော်သားတွေနဲ့ ကျောင်းသားကျောင်းသူတွေကို သူတို့ရဲ့တတ်သိတဲ့အတတ်ပညာတွေနဲ့ မြို့တော်ရဲ့ အလှအပ တွေကို ခြယ်မှုန်းတတ်စေဖို့ဖြစ်ပါတယ်”လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့် ပြန် ကြားရေးဌာနမှ လက်ထောက်ဌာနမှူး ဦးလှမင်းကပြောပါတယ်။

အဲ့ဒီပြိုင်ပွဲကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်နဲ့ အလွတ်တန်းအဆင့်ဆိုပြီး ခွဲခြားထားကာပေးပို့ ယှဉ်ပြိုင်ခြင်းနဲ့ လက်တွေ့ပြိုင်ပွဲဆိုပြီး ခွဲခြားထားတာဖြစ်ပါတယ်။

“ပြိုင်ပွဲအတွက် ဆုရွေးချယ်ရေးကို မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံးက ပန်းချီပညာရှင်တွေ၊ ကာတွန်းပညာရှင်တွေ၊ ပိုစတာပညာရှင်တွေက ရွေးချယ်သွားမှာဖြစ်ပြီး ပြပွဲကို သြဂုတ်လ(၂၆)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်”လို့ ဦးလှမင်းက ပြောပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)