မြန်မာ့ရုပ်ရှင်အများပိုင်ကုမ္ပဏီ အစုရှယ်ယာရှစ်သောင်းရောင်းချ

0
325

ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတဲ့ အများပိုင်ကုမ္ပဏီဟာ အစုရှယ်ယာပေါင်း ရှစ်သောင်းခန့်ရောင်းချခဲ့ရပြီး ၀ယ်ယူထားကြသူတွေကို အသိအမှတ်ပြုလက်မှတ် ပေးအပ်သွားပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်တည်ထောင်ထားတဲ့ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှုအများနဲ့ သက်ဆိုင် သောကုမ္ပဏီလီမိတက်ဟာ အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဖွဲ့စည်းတည်ထောင်ထားပြီး ဒီကုမ္ပဏီဟာ အဆုရှယ်ယာတစ်ခုကို ကျပ် တစ်သောင်းနှုန်းနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။

“ဒီMMPDနဲ့ပတ်သတ်လို့ အများပိုင်ကုမ္ပဏီက အဓိကကတော့ ရုပ်ရှင်လောကကြီးတစ်ခုလုံးအတွက် ခြုံငုံပြီးတော့ထူထောင် ထားတဲ့ကုမ္ပဏီပါ။ ဒီလိုလုပ်ဖြစ်အောင်လည်း နိုင်ငံတော် အကြီးအကဲတွေက လမ်းညွှန်တာပါ။ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအနေနဲ့က   NGO ဖြစ်တဲ့အတွက် စီးပွားရေးလဲလုပ်လို့မရဘူးပေါ့လေ ကူညီထောက်ပံ့သွားဖိုပဲရှိတယ်။ အဲ့တော့ ဒီ MMPD အများပိုင် ကုမ္ပဏီလုပ်ခြင်းအားဖြင့် လောကမှာရှိတဲ့လောကသားတွေ အောက်ခြေမှာရှိတဲ့ လူတန်းစားတွေကော အနုပညာသမားတွေ ထုတ်လုပ်သူတွေ အားလုံးဒါဘာပဲပြောပြော ဒီလုပ်ငန်းကြီးပေါ်မှာ စူးစိုက်ပြီးတော့ ရုပ်ရှင်လောကရဲ့ တိုးတတ်ရာ တိုးတတ်ကြောင်း လုပ်ငန်းတွေပဲလုပ်မှာပါ”လို့ ဒါရိုက်တာ ပန်းချီစိုးမိုး ကပြောပါတယ်။

အဲ့ဒီကုမ္ပဏီကို ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေ စုစုပေါင်း(၁၀)ဦးပါဝင်တဲ့ တည်ထောင်သူအဖွဲ့ကိုဖွဲ့စည်း ခဲ့ပြီး ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ လုပ်ငန်းစတင် လုပ်ကိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

“ဒီFounderဆယ်ဦးထဲမှာ ကျွန်တော်တို့ ကိုလူမင်း၊ ပြေတီဦး၊ နေတိုး၊ ထွန်းအိန္ဒြာဗိုလ်၊ လွင်မိုးပါတယ်။ ဒါရိုက်တာထဲမှာ ပန်းချီစိုးမိုးနဲ့ ကျွန်တော် ဒါရိုက်တာမောင်မောင်ဦး စနှိုးဝိုက်ပါပါတယ်။ ထုတ်လုပ်သူထဲမှာတော့ ဦးတင်အောင် ဦးဆွေဝမ်း ဦးဝင်းကြည် အဲ့ဒီထုတ်လုပ်သူ သုံးယောက်နဲ့ စုစုပေါင်းဆယ်ယောက် ကျွန်တော်တို့စဖွဲ့ခဲ့တယ်”လို့ ဦးမောင်မောင်ဦး (စနှိုးဝိုက်)ကပြောပါတယ်။

ဒီကုမ္ပဏီဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ရုပ်ရှင်ရုံတွေ တည်ဆောက်ဖို့ ပြင်ဆင်နေပြီး လက်တလောမှာတော့ စင်ကာပူနိုင်ငံက DVD ကူးစက်ကို အမေရိကန်နိုင်ငံဒေါ်လာ(၁)ဒသမ(၁၅)သန်းနဲ့ ၀ယ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အစုရှယ်ယာတွေကို မတ်လ(၂)ရက်နေ့မှာ အနုပညာလောကသားတွေကို စတင်ရောင်းချခဲ့တာဖြစ်ပြီး ဇွန်လမှသာ မြန်မာ နိုင်ငံသား အများပြည်သူတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။

 

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)