အဆိုတော်အယ်လ်လွန်းဝါရဲ့ တတိယမြောက်တေးစီးရီးထွက်ရှိ

0
295

အဆိုတော် တေသံရှင် အယ်လ်လွန်းဝါက သူ့ရဲ့တတိယမြောက်တေးစီးရီးဖြစ်တဲ့ My Music Dictiory ထွက်ရှိပြီဖြစ်ပါတယ်။

တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ My Gardan စားသောက်ဆိုင်မှာ သြဂုတ်လ ၂၀ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ကွယ်လွန်သူ ထူးအိမ်သင်ရဲ့မိခင်ဖြစ်သူနဲ့ ဇနီးကို ဂုဏ်ပြုငွေ သိန်း ၃၀ ပေးအပ်သွားခဲ့ပါ တယ်။

တေးသံရှင် အယ်လွန်းဝါဟာသူရဲ့ဆရာဖြစ်သူ ထူးအိမ်သင်ကွယ်လွန်ခြင်းဆယ်နှစ်ပြည့် အမှတ်တရအနေနဲ့ ဒီတေးစီးရီးအယ်ဘမ်ကို ဂုဏ်ပြုသီဆိုထားတာဖြစ်ပြီး ထူးအိမ်သင်ရဲ့တေးသီးချင်းတွေကို ပြန်လည်သီဆိုထား တာမဟုတ်ဘဲ မကွယ်လွန်ခင်က သင်ကြားပေးခဲ့တဲ့ နည်းစနစ်တွေနဲ့သာ သီဆိုဂုဏ်ပြုထားတာ ဖြစ်ပါတယ်။

“လူတစ်ယောက်ကို ကျွန်တော်ချစ်တယ်ပေါ့နော်။ ကျွန်တော့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာလည်း ဖြစ်တယ်။ ပြီးတော့ ကျွန်တော့ဘဝမှာ အလေးစားဆုံးပုဂ္ဂိုလ်လည်းဖြစ်တယ်ပေါ့နော်။ ကိုယ်ယုံကြည်တဲ့လမ်းကို ဆက် လျှောက်လာခဲ့သူပေါ့။ အဲ့လိုလူတစ်ယောက်ကို ဂုဏ်ပြုမယ်ဆိုရင်တော့ သူဘယ်လိုဆိုရင် ကျေနပ်နိုင်မလဲ စဉ်းစားကြည့်လိုက်တယ်ပေါ့။ အဲ့တော့အနုပညာပဲ လုပ်တာကောင်းမယ်ထင်တယ်”လို့ တေသံရှင် အယ်လ်လွန်း ၀ါ ကပြောပါတယ်။

အဲ့ဒီတေးအယ်ဘမ်ကိုတော့ Iron Cross Band ကတီးခတ်ပေးထားပြီး သူစိတ်ကြိုက်ရေးသားထားတဲ့ သီချင်း တွေကိုသီဆိုထားကာ Master တေးသံသွင်းကလာမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ စတင်ဖြန့်ချီနေပြီဖြစ်ပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)