ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား ပုသိမ်တွင်ကျင်းပ

0
316

အဆိုတော် ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို သြဂုတ်လ(၁၆)ရက်နေ့က ပုသိမ်မြို့ ၊ ပုသိမ် ဟိုတယ်မှာ ဝေးသွားတဲ့အခါအမည်နဲ့ အထိမ်းအမှတ်ပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။

ထူးအိမ်သင်က ပုသိမ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီးတော့ အဲ့ဒီ ၁၀ နှစ်ပြည့်ပွဲကိုတော့ ထူးအိမ်သင်ရဲ့ မိသားစုဝင်တွေနဲ့ ပုသိမ်မြို့က ငယ်သူငယ်ချင်းတွေက တေးသီချင်းတွေနဲ့သီဆိုဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ထူးအိမ်သင်ရဲ့ နာရီပေါ်ကမျက်ရည်စက်များ တေးစီးရီးထဲက ဝေးသွားတဲ့အခါသီချင်းကို မူရင်းသီဆိုခဲ့တဲ့ အဆိုတော်ပေါက်ပေါက်နဲ့ ထူးအိမ်သင်ရဲ့ ညီဒီမိုတို့က တွဲဖက်သီဆိုသွားခဲ့ကြတာပါ။

အဲ့ဒီအထိမ်းအမှတ်ပွဲကို အဆိုတော်ကော်နီ၊ ဘိုဖြူ၊ အောင်အောင်တို့က ထူးအိမ်သင် ရေးသားခဲ့တဲ့ သီချင်းတွေကို သီဆိုဖျော်ဖြေခဲ့ကြပြီး ပန်းချီလောကသားတွေကလည်း ထူးအိမ်သင်ပုံပန်းချီကားတွေကို မိသားစုဝင်တွေထံသို့ လက်ဆောင်ပေးအပ်ခဲ့ကြပါတယ်။

ဂီတ၊ ပန်းချီ၊ ကဗျာလောကက ထူးအိမ်သင်ကို လေးစားချစ်ခင်ကြသူတွေနဲ့ ထူးအိမ်သင်ရဲ့ အနုပညာကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တွေတက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)