လူငယ်အရင်းအမြစ်စင်တာ တောင်ကြီးမြို့တွင်ဖွင့်လှစ်

0
367

ဥရောပသမဂ္ဂရဲ့အကူအညီနဲ့ တောင်ကြီးမြို့ကန်ကြီးရပ်မှာ လူငယ်အရင်းအမြစ်စင်တာကို သြဂုတ်လ(၁၇)ရက် နေ့နံနက်ပိုင်းကဖွင့်လှစ်ပြီး ဒီစင်တာသည်ရှမ်းပြည်နယ်မှာ ပထမဆုံးဖွင့်လှစ်တာဖြစ်ပြီး ဒါနရှေ့ဆောင်မြန်မာ အဖွဲ့၊ ဖန်မီးအိမ်အဖွဲ့နဲ့ TROCAIREအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

“လူငယ်အရင်းအမြစ်စင်တာအနေနဲ့ကတော့ ကျွန်မတို့ပထမဦးဆုံးအနေနဲ့ကတော့ စာအုပ်တွေကို စာကြည့် တိုက်သဘောမျိုး။ ကျွန်မတို့လုပ်သွားမယ့်အစီစဉ်ရှိတယ်။ နောက်ပြီးတော့ သင်းတန်ငယ်လေးတွေ ဆွေးနွေးပွဲ တွေလုပ်သွားမှာရှိတယ်”လို့ ဒါနရှေ့ဆောင်မြန်မာအဖွဲ့မှ အစီအစဉ်ဒါရိုက်တာ မနွေးနွေးထွန်းက ပြောပါတယ်။

 

လူငယ်အရင်းအမြစ်စင်တာဟာ တိုင်းရင်းသားဒေသရှိလူငယ်တွေအတွက် ပညာရေး၊ နိုင်ငံရေးနဲ့ အခြားလူမှု အခြေခံတွေ ဖွံ့ဖြိုးတိုးဖို့အဓိက တည်ထောင်ထားတာဖြစ်ပြီး ဒီစင်တာဟာရှမ်းပြည်နယ်ရှိ ဒေသခံလူငယ်၊ လူမှုရေး အဖွဲ့အစည်းတွေအပါအ၀င် မြန်မာနိုင်ငံမှာရှိတဲ့ အခြားသောလူငယ်အဖွဲ့အစည်းတွေနဲ့လည်း အတူ ပူပေါင်းဆောင်ရွက်ဖို့ရှိနေပါတယ်။ လာမဲ့လအနည်းအတွင်းမှာလည်း မော်လမြိုင်၊ ထားဝယ်စတဲ့ မြို့တွေလည်း မှာ လူငယ်အရင်းအမြစ်စင်တာ ဖွင့်လှစ်ဖို့ရှိပါတယ်။

 

စင်တာကိုအစပိုင်းမှာတော့ လူငယ်တွေအတွက် စာကြည့်တိုက်ပုံစံမျိုးကိုတည်တောင်ထားတာဖြစ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲတွေ သင်းတန်းတွေနဲ့ လူမှုရေးပရဟိလုပ်ငန်းတွေ အဓိကလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

“ကျွန်မတို့အခု လူတွေကအရမ်းပြောနေကြတဲ့ ငြိမ်းချမ်းရေးပေါ့နော်။ အဲဒီငြိမ်းချမ်းရေးတွေ ပြောနေကြတဲ့ အထဲမှာသူတို့အများကြီး လုပ်ဆောင်နေကြတဲ့ ကျွန်မတို့လူငယ်တွေ အခန်းကဏ္ဍတွေ ပိုပြီးတော့ လုပ်ဆောင်လာနိုင်မယ်လို့ ယုံကြည်တယ်။ အခုလို          စင်တာလေးဖွင့်ပေးတော့ လူငယ်တွေ အချင်းချင်းစုစည်းဖို့ ဆုံစည်ဖို့ နေရာလေးဖြစ်လာတယ်။ ဗဟုသုတသွေ၊ နိုင်ငံရေးဗဟုသုတ ရှာဖွေဖို့နေရာဖြစ်လာမယ်လို့ယုံကြည် ပါတယ်”လို့ (ပအိုဝ့် အမျိုးသားအဖွဲ့ချုပ်)လူငယ်မှ နန်းခမ်းဗွာကပြောပါတယ်။

 

အဲ့ဒီလူငယ်အရင်းအမြစ်စင်တာဖွင့်ကို UNOTC မှတာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက် ရေးပါတီမှ တာဝန်ရှိသူများ၊ ရှမ်းအမျိုးသမီးအဖွဲ့ ၊ PNO လူငယ်တာဝန်ခံများ၊ NLD လူငယ်တာဝန်ခံမျာနဲ့ အခြားလူငယ်အဖွဲ့ အစည်းများလည်း တက်ရောက်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)