တရုတ်စစ်ဘက်ဆိုင်ရာ ဟက်ကာ ၀န်ထမ်း ၅ ဦးကို FBI ဖမ်းဝရမ်းထုတ်

0
399

အမေရိကန်စီးပွားရေူးကုမ္ပဏီတွေရဲ့အချက်အလက်တွေကို သူလျှိုလုပ်ခဲ့တဲ့ တရုတ်စစ်ဘက်ဆိုင်ရာ ၀န်ထမ်း ၅ ဦးကို အမေရိကန်ထောက်လှမ်းရေးဗျူရို အက်ဖ်ဘီအိုင် ကဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။

ယခုကိစ္စဟာ အမေရိကနု-တရုတ်ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့ လည်းကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ အမေရိကန်ုသမ္မတ ဘားရက်အိုဘားမား ကလည်း ဒါဟာအမေရိ ကန်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေးကိုတရုတ်အနေနဲ့ ခြိမ်းခြောက်လိုက်တာလို့လည်း စွပ်စွဲပြောကြားလိုက်ပါတယ်။

တရုတ်လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဇန်ဇီဂေါင်

ကဒီစွပ်စွဲမှုတွေဟာ တစ်ဖက်သတ်ပြောဆိုခြင်းသာဖြစ်ပီး မဟုတ်မှန်ကြောင်း လည်း ဆင်ဟွာ သတင်းဌာနကနေပီးတော့ တုန့်ပြန်ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်ုနိုင်ငံမှာ ဈေးကွက်ရရှိဖို့ ကြိုးစားလာနေတဲ့ တရုတ်မိုဘိုင်းနည်းပ ညာကုမ္ပဏီ HUAWEI ဟာ တရုတ်အငြိမ်းစားစစ်ဘက်ဆိုင်ရာအရာရှိ တစ်ဦးပိုင်ဖြစ်ပီး အမေရိကန်ရဲ့ စစ်ဘက်လှုပ်ရှားမှု တွေကိုထောက်လှမ်းနေတယ်လို့လည်း ပင်တဂွန်က စွပ်စွဲပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)