Samsung ကုမ္ပဏီထုတ် Galaxy S5 ဖုန်းအကြောင်း

0
334

ကမ္ဘာကျော် Samsung ကုမ္ပဏီကနေ သူ့ရဲ့ Galaxy S5 ကို ပြီးခဲ့တဲ့လပိုင်းတွေက ဘာစီလိုးနားမှာ ပြုလုပ်တဲ့ Mobile World Congress 2014 မှာ မိတ် ထုတ်လုပ်လိုက်တာပါ။

အသစ်ထွက်ရှိလာတဲ့ Galaxy S5 မှာဆိုရင်တော့ ထူးခြားတဲ့ စွမ်းဆောင်မှုတွေအဖြစ် ရေအောက် ၃ ပေအနက်အထိ ယူဆောင်ကာ မိနစ် ၃၀ ကြာ အထားခံနိုင်တဲ့ ရေစိုခံနိုင်တဲ့ စွမ်းဆောင်မှုနဲ့အတူ ဖုန်ဝင်ခံ နည်းပညာတွေ ပါဝင်လာတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါအပြင် ကင်မရာမှာဆိုရင်လည်း အရင် S4 မှာတုန်း 13 မီကာပစ်ဇယ်အသုံးပြုထားတာကနေ ၁၆ မီကာပစ်ဇယ်အထိ တိုးမြှင့်လာတာဖြစ်ပါတယ်။ နောက် ထူးခြားတဲ့ စွမ်းဆောင်ရည်တွေမှာဆိုရင်တော့ လက်ဗွေကိုမှတ်ယူအသုံးပြုတဲ့ နည်းပညာဖြစ်တဲ့ Fingerprint နည်းပညာပါ ၀င်လာပြီး iPhone 5S မှာလို Fingerprint Scanner ကို Home Button မှာ ထည့်ထားတာမျိုးမဟုတ်ဘဲ Touch မျက်နှာပြင်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် ဖုန်းလုံခြုံရေး Security စနစ်မှာဆိုရင်လည်း Private Mode နဲ့ Kid Mode ဆိုပြီး ခွဲခြား အသုံးပြုနိုင်မှာဖြစ်သလို Power-saving mode ထည့်သွင်းထားတဲ့အပြင် တခြား ထူးခြားတဲ့ နည်းပညာအသစ်အဆန်းတွေလည်း အများအပြား ပါဝင်လာတာဖြစ်ပါတယ်။

၅.၁ လက်မမျက်နှာအပြင်အကျယ်ရှိတဲ့ Galaxy S5 ဟာ အနက်၊ အဖြူ၊ ရွှေနဲ့ အပြာရောင်ဆိုပြီး အရောင်း (၄) မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၇၀၀ ၀န်းကျင် ရှိမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)