မြန်မာနိုင်ငံကအလုပ်သွားရောက်လုပ်ကိုင်မှု ဒုတိယအများဆုံးဖြစ်တဲ့မလေးရှားနိုင်ငံက လူဝန်မှုကြီးကြပ်ရေးစခန်းမှာ မြန်မာနိုင်ငံသားတွေအများအပြားရှိနေ

0
327

မြန်မာနိုင်ငံကအလုပ်သွားရောက်လုပ်ကိုင်မှု ဒုတိယအများဆုံးဖြစ်တဲ့မလေးရှားနိုင်ငံက လူဝန်မှု ကြီးကြပ်ရေးစခန်းမှာ မြန်မာနိုင်ငံသားတွေအများအပြားရှိနေပါတယ်။

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးကလည်း ဒီလိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို မိမိနိုင်ငံပြန်လည်ရောက်နိုင်ရေး ဆောင်ရွက်ပေးနေတာပါ။ မေလ ၄ရက်နေ့က ကွာလာလာမ်ပူမြို့မှာ လန်ဂဲ လူဝန်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားလို့ ဆိုသူ ၃၂၉ ဦးကိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ အမျိုးသမီး ၂ ဦး၊ အသက်အရွယ်ကြီးသူ ၄ ဦး၊ ငယ်ရွယ်သူ ၆ ဦး မူရင်းမှတ်ပုံတင်အထောက်အထားတင်ပြနိုင်သူ ၁၈ ဦးနဲ့ ထိန်းသိမ်းရေးစခန်းမှာ ကာလကြာရှည် ထိန်းသိမ်းခံထားရသူ ၁၀၅ ဦး စုစုပေါင်း ၁၃၅ ဦး ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလို ထိန်းသိမ်းရေးစခန်းတွေမှာရောက်ရှိနေတဲ့ နေထိုင်ရေးအခက်အခဲကြောင့် မိမိနိုင်ငံသို့မဖြစ်မနေ အမြန်ပြန်ရန် လိုအပ်နေသူတွေကို အမြန်ဆုံးပြန်နိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ မြန်မာသံရုံးကသတင်းထုတ်ပြန်ထားပါတယ်ရှင်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)