ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝင်းမြင့် မဲဆွယ်စဉ်က မီးရမယ်လို့ ပြောခဲ့ပေမယ့် ရှုံးသွားလို့ ဆက်လက်လုပ်ကိုင်ပေးခြင်းမရှိ

0
330

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဆူးတပ်၊ မူးကမ်းကြီးကျေးရွာအပါအ၀င် ကျေးရွာ(၇)ရွာဟာ အခုထိ လျှပ်စစ်မီး မရရှိကြသေးပါဘူး။

အိမ်ခြေ လေးထောင်ကျော်ရှိတဲ့ ဒီကျေးရွာတွေအတွက် လျှပ်စစ်မီးရရှိဖို့က လွန်ခဲ့ ဖေဖေါ်ဝါရီလက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မဲဆွယ်စည်းရုံးရေးလာစဉ်က အကောင်အထည်ပေါ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ပြည်ထောင်စု ၀န်ကြီးဟောင်းက လျှပ်စစ်မီး သွယ်တန်းဖို့အတွက် မီးတိုင် (၁၅၀)ကို တစ်တိုင်လျှင် ငွေကျပ် တစ်သိန်း နှစ်သောင်းနှုန်းနဲ့ ၀ယ်ပေးမယ်လို့ ကတိပေးတာပါ။ အဲဒီအတွက် ပွိုင့်ကုမ္ပဏီကို မှာယူပြီး ငွေကျပ်သိန်းတစ်ရာပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲ ရှုံးသွားတဲ့ ဦးဝင်းမြင့်ဟာ ဒီကိစ္စကို ဆောင်ရွက်ပေးခြင်း မရှိတော့ပါဘူး။ လက်ရှိမှာ ပွိုင့်ကုမ္မဏီဟာ ဦးဝင်းမြင့်ဆီကနေ မီးတိုင်ဖိုးငွေ သိန်း (၁၈၀) ကိုသိန်း (၁၀၀) ပဲပေးပြီး ကျန်ငွေ သိန်း (၈၀) ကို မပေးသဖြင့်
ရွာသူရွာသားများကို ခေါ်ကာ ငွေတောင်းခံနေပြီး ချက်ချင်းမပေးနိုင်တဲ့အတွက် မီးတိုင်းတွေကိုပြန်လည်နုတ်ယူနေရာတာဖြစ်ပါတယ်။ ဒေသခံတွေကတော့ လျှပ်စစ်မီးရရှိဖို့ကို ကိုယ်ထူကိုယ်ထအဖြစ် ရန်ပုံငွေ ကျပ် (၂၅)သိန်းအကုန်အကျခံထားရတဲ့အတွက်မီးတိုင်တွေကို မနုတ်ကြစေလိုပါဘူး။
ရွာပေါင်း (၇)ရွာအထိ မီးလင်းဖို့ရှိနေတဲ့ ဒီလုပ်ငန်းအတွက် နိုင်ငံတော်က လိုအပ်ငွေ စိုက်ထုတ်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)