ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို ပိုမိုကာကွယ်ပေးနိုင်ရန် အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်း အရှိန်အဟုန်မြင့်ပြီး လုပ်ဆောင်နေ

0
316


ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို ပိုမိုကာကွယ်ပေးနိုင်ရန် အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်း အရှိန်အဟုန်မြင့်ပြီး လုပ်ဆောင်နေတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဝင်းမောင်က ပြောကြားလိုက်ပါတယ်။ ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေ အဆင်ပြေစေဖို့ နယ်စပ်ဂိတ် ၄ ဂိတ်မှာ ထိုင်းနိုင်ငံယဉ်ကျေးမှုနဲ့ ဘာသာစကားသင်တန်းတွေလည်းပို့ချသွားမှာဖြစ်ပြီး ၂နိုင်ငံရေးထိုးထားတဲ့ အလုပ်သမားခေါ်ယူရေး စာချွန်လွှာ MoU စာချုပ်မှာလည်း မြန်မာအလုပ်သမားတွေအတွက် အကာအကွယ်ပေးနိုင်မယ့် အချက်အလက်တွေ ထပ်မံထည့်သွင်းထားတယ်လို့ သံအမတ်ကြီး ဦးဝင်းမောင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)