အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက်အတွင်း တရားမ၀င်ငါးခိုးဖမ်းရာတွင်ပါဝင်ခဲ့တဲ့ မြန်မာရေလုပ်သားများကို နေရပ်ပြန်ပို့ပေးရန် ညှိနှိုင်းနေ

0
315

အင်ဒိုနီးရှားနိုင်ငံ ရေပိုင်နက်အတွင်း တရားမ၀င်ငါးခိုးဖမ်းတဲ့ ဗီယက်နမ်နိုင်ငံက သင်္ဘော ၆စီး ထိုင်းနိုင်ငံက သင်္ဘော ၃စီးကို

ဧပြီလ ၁၆ ရက်နေ့က ဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်ရှင်။ အင်ဒိုနီးရှားရေတပ်ကဖမ်းဆီးထိန်းသိမ်းထားတဲ့ စုစုပေါင်း ရေလုပ်သား ၁၅၀ ဦးမှာ မြန်မာရေလုပ်သား ၂၅ဦးပါဝင်နေခဲ့တာပါ။

ဒီရေလုပ်သား ၂၅ ဦးဟာ ထိုင်းနိုင်ငံ ပါတနီမြို့မှာရှိ တဲ့ ပွဲစားဖြစ်သူက လစာကောင်းကောင်းပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေကို အခယူပို့ဆောင်ပေးခဲ့တာလို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ ဒီလို လူကုန်ကူးမှုတွေ ကျူးလွန်နေတာကို သက်ဆိုင်ရာဌာန၊ သက်ဆိုင်ရာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ပွဲစားတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီလိုလူကုန်ကူးခံခဲ့ရတဲ့ မြန်မာရေလုပ်သားတွေကိုလည်း မိမိနိုင်ငံကို အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက အစိုးရအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်ရှင်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)